Zawgyi 🌴
မနီးမဝေးကနေကြားရတဲ့ခြေသံလေးကြောင့်မျက်ခုံးတွေ
တွန့်ချိုးလာရသည်။ နောက်၊ ထိုခြေသံက သူ့ဘေးမှာ
ရပ်တန့်သွားတာမို့မဖွင့်ချင်ဖွင့်ချင်နဲ့မျက်လုံးတွေကိုဖျတ်ခနဲ
ဖွင့်လိုက်တော့မပီမပြင်မြင်ကွင်းထဲကိုပေါ်လာသည့်ပုံရိပ်လေး။သို့နှင့် အိပ်ယာထက်မှာလူးလိမ့်ရင်းမျက်လုံးတွေကို
ခပ်ကြမ်းကြမ်းပွတ်ကာကြည့်လိုက်လေသည်...။
သွေးတစ်ချို့ကပါးပြင်ပေါ်မှာပေကျံနေ၍သူ့ကိုခပ်ဖွဖွ
ပြုံးပြလာသော ထိုလူ့အသွင်က ကြောက်စရာကြီးပင်။
ထို့ကြောင့် အထိတ်တလန့် ထထိုင်မိလိုက်သည်..။နံရံပေါ်ကနာရီကိုတစ်ချက်လှမ်းရှိုးတော့နေ့လည်၂နာရီတိတိ။
မနက်၉နာရီလောက်တုန်းကမူးမူးရူးရူးနဲ့အိပ်ပျော်သွားတာထင်တယ်။
အမျိုးသားက သူ့ကိုကြောက်စရာကောင်းတဲ့အသွင်နဲ့
ပြုံးကြည့်နေတာမို့ တံတွေးတစ်ချက်မျိုချရသည်..။
ဒါက အန္တရာယ်ကင်းမယ့်သဘောမှာရှိမနေဘူးဆိုတာ
သူသိတာကြောင့်။ဖြောင်း!!
တွေးလို့မှမဆုံးသေး။ ပါးပြင်ပေါ်ကို ကျရောက်လာတဲ့
အားပြင်းသည့်ရိုက်ချက်ကြောင့်လည်ထွက်သွားရလေသည်..။
နောက်၊ မယုံကြည်နိုင်တဲ့ မျက်နှာထားနဲ့ပြန်ကြည့်တော့
အမျိုးသားမျက်နှာပေါ်ကအပြုံးတွေရုတ်ချည်းပျောက်ကွယ်သွားလေသည်။"ရှောင်းကျန့်... မင်းဘယ်လိုလုပ်!!!!!!
"ရှူး!!!
နှုတ်ခမ်းပေါ်လက်ညိုးတင်ပြီးစကားဆက်မပြောနဲ့ဟု
အသံတိတ်ပြောတာမို့သူလည်းဆက်ပြီးအသံမထွက်ရဲတော့။
အမျိုးသားရဲ့မျက်နှာပေါ်တင်မှာမဟုတ်။ လက်တွေ
အင်္ကျီတွေပေါ်မှာသာ သွေးများပေကျံလျှက်ရှိသည်။
သို့နှင့် အောက်ထပ်မှာရှိတဲ့ TVဖွင့်သံခပ်တိုးတိုးကြောင့်
ကိုယ်လေးမတ်ခနဲဖြစ်ရင်းရှောင်းကျန့်ကိုတွန်းဖယ်ကာ
အခန်းထဲမှအဆင့်ဧည့်ခန်းရှိရာကိုပြေးထွက်ခဲ့ပြန်။နောက်ဆုံးကျန်ရှိနေသေးတဲ့လှေခါးထစ်ပေါ်ကိုခြေမလှမ်းခင်
နေရာအနှံ့ပြားမှာပေကျံနေတဲ့သွေးတွေကြောင့်ခြေပင်
မခိုင်တော့။ လှေခါးလက်ရမ်းကို အမှီပြု၍ ထိုင်ချပစ်လိုက်သည်။