Zawgyi 🌴
ပတ်တီးအဖွေးသားနဲ့ဟန်ကျားရီကိုမြင်တော့သူ့မှာအထဲကို
ဝင်သင့်၊ မဝင်သင့် စဉ်းစားရတယ်..။ဒီတိုင်းရိုးရိုးသားသားစနောက်လိုက်တဲ့စကားတစ်ခွန်းပါ။
ဟတ်ကျားရီက တစ်ကယ်လုပ်မယ်မှန်း ဘယ်လိုလုပ်ပြီး
သိမှာလဲ..။သက်ပြင်းသဲ့သဲ့ချကာဖြစ်သမျှအားလုံးကိုပြန်တွေးမိတော့
ဟန်ကျားရီကိုအားနာလာ၍လက်ထဲကပန်းသီးတစ်ချို့ပါတဲ့
အိတ်လေးကတင်းကြပ်စွာ။ ထို့နောက် စိတ်ကိုဒုန်းဒုန်းချရင်း
ဟန်ကျားရီရှိတဲ့ဆေးရုံခန်းထဲကိုဝင်သွားလိုက်တယ်။အဲ့ဒီလူဟာပတ်တီးအဖွေးသားဖြစ်နေတာတောင်သူ့ကိုမြင်တော့
ကြိုးစားပြီးပြုံးပြရှာတယ်..။ သူ့ဘက်က ထိုလူ့ကို အသုံးချရုံသက်သက်
မိတ်ဆွေဖွဲ့ခဲ့ပေမယ့် ထိုလူကတော့သူ့ကိုခင်တာထကိပိုမှန်း
သူ့ကိုမြင်တိုင်းလက်ခနဲဖြစ်သွားတဲ့မျက်ဝန်းလေးတွေက
သက်သေပင်...။"နေ၊ နေ မထနဲ့ ခင်ဗျားဟာလေ ဒီလောက်ဖြစ်နေတာတောင်
ထဖို့လုပ်နေသေးတယ်.. "ဒီတော့လည်းထပ်မံပြုံးပြလာပြန်တယ်..။ ဒေါက်တာရဲ့
ပြောချက်အရ ဟန်ကျားရီတစ်ပတ်လောက်ဆေးရုံပေါ်မှာ
နေပြီးရင်ဆင်းလို့တော့ရပြီ၊ ဒါပေမယ့် အရှင်းတော့ပျောက်ကင်းဖို့
အချိန်ယူရဦးမယ်တဲ့လေ...။"ကျွန်တော်က ခင်ဗျားကိုနောက်လိုက်တာ တစ်ကယ်လုပ်မယ်မှန်း
ဘယ်လိုလုပ်ပြီး သိမှာလဲ... "".....?
"သူက ခင်ဗျားကို တော်တော်လုပ်ထည့်လိုက်တာပဲ
ဟူး!! ကျွန်တော်အလွန်ပါ သူ့စိတ်ကိုသိရဲ့သားနဲ့ လုပ်လိုက်မိတယ်.. ""မဟုတ်တာ.. "
"စကားပြောရတာတော့ အဆင်ပြေပါတယ်နော်.. "?
"အင်း.. အဆင်ပြေတယ် သူ့ကြောင့် ကိုယ့်ရဲ့ရှေ့သွား
နှစ်ချောင်းကျိုးသွားပေမယ့်လို့.. "ရိပေါ်ထိန်းထားတဲ့ကြားကနေတဟင်းဟင်းအသံပြုလို့
ရယ်လိုက်မိတယ်..။ ဒါကြောင့် စကားကသိပ်ပြီး မပီချင်တာကိုး။"ခေါင်းပေါ်မှာလဲ ပတ်တီးအဖွေးသားနဲ့ ခင်ဗျားရယ်"
"ရတယ် ကိစ္စမရှိဘူး"