|23|

1.6K 161 20
                                    

Zawgyi 🌴

ဘဝကိုပျင်းစရာမကောင်းစေနဲ့ဆိုတဲ့ဇန်မင်ဟွေ့စကားကြောင့်
သူရည်းစားစထားမိတာ၁၆နှစ်ပြည့်မွေးနေ့ပြီးတဲ့နောက်နှစ်ရက်မြောက်နေ့မှာ။ ရုပ်ရေရှိတဲ့သူကရည်းစားတွေသိပ်များတယ်။

စိတ်ပျက်စရာကောင်းတဲ့လူတစ်ယောက်ရှိတယ်။ သူက
ရှောင်းကျန့်တို့တက်နေတဲ့ကျောင်းရဲ့အသက်အငယ်ဆုံး
ကျောင်းဆရာအဖြစ်သမိုင်းတွင်တယ်...။

ထိုလူ့နာမည်ကကျန်းကျိရှင်းလို့ခေါ်တယ်။ ထိုလူက
ဂေးလို့ ခပ်သဲ့သဲ့ပြောသံတွေကြားတုန်းကမယုံကြည်ဖြစ်ခဲ့သေးတယ်။
တစ်နေ့ ကျန်းကျိရှင်းဘက်က ပွင့်ပွင့်လင်းလင်း သူ့ကို
သဘောကျကြောင်းလာပြောမှဒါကကောလဟာလသက်သက်
မဟုတ်ကြောင်းယုံကြည်လိုက်တယ်။

တစ်နေ့တစ်ယောက်နံပါတ်စဉ်မှတ်ပြီးတွဲနေတဲ့သူက
ကျောင်းဆရာကျန်းကျိရှင်းနဲ့ဘေးခန်းကစီနီယာအန်းမိန်က
သူ့ရဲ့ပြိုင်တူရည်းစားဖြစ်ခဲ့ရတယ်...။

ဒါကို။ သူတို့လည်းသိလျက်သားနဲ့ လက်ခံခဲ့တာ ရှောင်းကျန့်
အံ့ဩလို့မဆုံးဘူးရယ်..။

တွဲချိန်တစ်လကြာသွားတော့သူသိလိုက်တာကျန်းကျိရှင်းက
Psychoရှိတယ် အဆိုးဆုံးက လူ့အသက်ကိုတောင်
ရန်ရှာတဲ့အထိပဲ အဲ့ဒါကိုလည်း မျက်မြင်ကိုယ်တွေ့မို့
ယုံကြည်ခဲ့တာ..။

စီနီယာအန်းမိန်ကတော့တစ်ကျောင်းလုံးမှာအလှဆုံး
မိန်းမတစ်ယောက်မို့အရမ်းအောင်မြင်တယ်...။ မထိရက်
မကိုင်ရက် ကြွေရုပ်လေးလို လှပပေမယ့် သူ့နှလုံးသားကိုတော့
မကိုင်လှုပ်နိုင်တာစိတ်မကောင်းစရာပဲ။

ကိုယ့်ကိုယ်ကိုယ်သံသယဝင်ပြီးဂေးလို့ပြောရအောင်လည်း
ချောပေ့ဆိုတဲ့ ကျန်းကျိရှင်းတောင် ရင်ခုန်တာမဟုတ်။
ဒီလိုချိန်ဆို ကျိုးချန်ရိကို သိပ်သတိရမိတယ်။ တစ်နေရာရာမှာ
ကောင်းကောင်းမွန်မွန်ရှိနေနိုင်မှာပါ ဟုတ်တယ်မလား။

တန်ရာတန်ကြေး{Completed}Where stories live. Discover now