|39|

1.7K 159 12
                                    

Zawgyi 🌴
"အာ.. ဘာလို့အခန်းထဲမပြောမဆို ဝင်လာရတာလဲ
တံခါးလေးဘာလေး ခေါက်မှပေါ့ လန့်လိုက်တာ!!!

ခြေလှမ်းတွေယိုင်တိုင်တိုင်နဲ့အခန်းထဲကိုအစချီလာသည့်
သူ့ကိုကြည့်ပြီးခန္ဓာကိုယ်ပေါ်မှာအဝတ်မကပ်သောကောင်လေးက
ရေချိုးခန်းထဲကနေထွက်လာရင်းဆိုပါတယ်..။

"အား.. မားမား!!!

အနောက်ကနေခါးကိုသိမ်းကျုံးဖက်ရင်းပုခုံးပေါ်ကိုမေးတင်လာတာမို့
ရိပေါ်မရှိတော့တဲ့မားမားကိုယောင်မိသွားတယ်။အချိန်အားဖြင့်
မနက်၂နာရီလောက်သာရှိသော်ငြားအိပ်မပျော်တော့မယ့်အတူတူ
ရေထချိုးဖြစ်သည်။ ရှောင်းကျန့်အသွင်ကလည်း ဘေးအခန်းမှာ
အိပ်လာပြီးအိပ်ရေးမဝတဲ့ပုံပင်။

"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား မင်းကြည့်ရတာ တစ်မျိုးပဲ.. "

အမျိုးသားကဘာမှပြန်မပြော။အသက်ရှူသံခပ်ပြင်းပြင်းတွေကြောင့်
စကားပြောဖို့အားယူနေကြောင်းသူသိလိုက်ပါတယ်။

"နေမကောင်းတာ မဟုတ်ဘူး!!

"ဒါဆို ဘာဖြစ်တာလဲ!!!?

ရိပေါ်ရဲ့မေးခွန်းကိုသူပြန်မဖြေ။ မဖြေဝံ့တာဆိုရင်ပိုမှန်လိမ့်မည်။
သူကဝမ်းသာစရာဆိုရင်ရိပေါ်နဲ့မျှဝေချင်တဲ့စိတ်ရှိသော်ငြား
ဝမ်းနည်းစရာကိစ္စဆိုရင်တစ်ယောက်ထဲခံစားချင်တဲ့သူပင်။
အနောက်ကနေခပ်နွေးနွေးနှုတ်ခမ်းလွှာနဲ့လည်ဂုတ်သားတွေကို
ဖိကပ်နမ်းလာတာမို့ရိပေါ်တစ်ချက်လောက်တော့တွန့်သွားမိတယ်..။

"ထားပါတော့ ဟန်နီကရော ဘာလို့ဒီချိန်ကြီး ရေထချိုးနေတာလဲ?

အမေးတစ်ခြားအဖြေတစ်ခြားမို့သူသက်ပြင်းသဲ့သဲ့ချရသည်။
ဒီလိုစကားလမ်းကြောင်းလွှဲတတ်တာရှောင်းကျန့်အကျင့်ပေလား
သူလည်းမသိတော့။

"အင်း ငါနဲနဲပူပြီး အိပ်မပျော်လို့!!!

အလိုက်သင့်ပြန်ပြောတော့ထိုလူ့ထံကနေဟင်းခနဲသက်ပြင်းချသံ
ခပ်တိုးတိုးကိုကြားလိုက်ရတယ်။ ရိပေါ်သိချင်နေပေမယ့်
အမျိုးသားမျက်နှာကပြန်ဖြေချင်တဲ့ပုံမပေါက်တာကြောင့်
ဆက်၍မမေးတော့။

တန်ရာတန်ကြေး{Completed}Donde viven las historias. Descúbrelo ahora