Zawgyi 🌴
ရိပေါ်ဖုန်းကိုနားနဲ့ကပ်လိုက်တော့တစ်ဖက်မှာရှိတဲ့ရှောင်းကျန့်
အသံကကျယ်ကျယ်လောင်လောင်။"ဟန်နီ!!!! မင်းအပြင်ရောက်နေတယ်ဆို"
"အဟင်း သတင်းက မြန်လိုက်တာ"
ခပ်တိုးတိုးရေရွတ်တော့ရှောင်းကျန့်ကကြားဖြစ်အောင်
ကြားသွားသည်ထင်ရဲ့။ ခပ်သဲ့သဲ့ရယ်သံတစ်ချို့ကသူ့နားဝဆီ။
ရှောင်းကျန့်ရဲ့ပေါ့ပေါ့ပါးပါးရယ်သံကိုနားထောင်ပုံအရ
ရန်လွီဆွေ့ အဖမ်းခံရတာ သိပုံမပေါ်။ နောက်ပြီး သူလည်း
ဟန်ကျားရီနဲ့ လာတွေ့တာမသိလောက်ဘူး။"ရှောင်းကျန့်!!
"အင်း"
တစ်ဖက်ကတိုးဖျော့သည့်အသံလေးကြောင့်စကားလုံးတစ်ချို့က
လည်ချောင်းဝမှာတစ်ခံနေတယ်လို့ပဲပြောရမလား။ ဒီစကားကို
ထိုလူသားအား ဘယ်လိုပြောရပါ့။"ရန်လွီဆွေ့ အဖမ်းခံရတယ်!!!
"ဘာ!!!
"ငါ အခု ဟန်ကျားရီနဲ့ တွေ့နေတာ ရဲတစ်ချို့လည်းရှိတယ်"
စကားအဆုံးတစ်ဖက်ကခနလောက်တိတ်ဆိတ်သွားတယ်။
ကြည့်ရတာမမျှော်လင့်တဲ့စကားကြားလိုက်ရလို့ထင်။"ဒါပေမယ့် ငါရန်လွီဆွေ့ကို ရဲလက်အပ်ခဲ့တာ မဟုတ်ဘူးနော်"
"နေဦး!! ငါသိတယ် ဒါပေမယ့် ဘာလို့ဟန်နီက အရေးမပါတာတွေ
လုပ်နေရတာလဲ မဟုတ်မှလွဲရော ဟန်နီကိုယ့်ကိုထားခဲ့ဖို့
ကြံစည်နေတာ ဟုတ်တယ်မလား"ရှောင်းကျန့်စကားစုကြောင့်လက်ထဲကဖုန်းလေးတင်းကြပ်သွားတယ်။
နောက်၊ အပြစ်မဲ့သော အောက်နှုတ်ခမ်းသားထူထူကို
ဖိကိုက်ကာစကားဆိုလေသည်။"ငါ.... ငါ ထွက်မပြေးချင်တော့ဘူး!!
"ဘာ.. ဟန်နီ ဘာကို ဆိုလိုချင်တာလဲ"
ရှောင်းကျန့်အသံကသိသိသာသာတုန်ယင်နေမှန်းရိပေါ်
သိတယ်။ စစချင်းမို့ ဒီလိုဖြစ်မယ်ဆိုတာဟာလည်း။ သူမျှော်လင့်
ပြီးသားအရာတစ်ခုပင်။"မဟုတ်ဘူး ငါပြောတာ နားထောင်!!! ငါတို့ဒီလိုမျိုး
တစ်သတ်လုံးပြေးနေလို့ မရဘူးလေ ငါအေးအေးချမ်းချမ်း
နေချင်သေးတယ် အဲ့ဒါငါမျှော်လင့်တဲ့ဘဝဆိုတာ မင်းသိတယ်
မဟုတ်လား"