|15|

1.7K 198 26
                                    

Zawgyi 🌴

ရှောင်းကျန့်နဲ့စကားမပြောဖြစ်တော့တာတစ်ပတ်ရှိပြီ။
ဟိုတလောကတည်းကဆိုပါတော့။ ညတိုင်းရှောင်းကျန့်မှာ
နောက်ကျမှပြန်လာပြီးရိပေါ်ကိုမျိုးစုံကြိုးခုန်ကာနမ်းလေသည်။
ရိပေါ်သိပေမယ့်အိပ်ချင်ယောင်ဆက်ဆောင်ထားလိုက်တယ်။
မဟုတ်ရင် ဒီအနမ်းတွေတောင် သူရမည်မဟုတ်..။

စာကြည့်ခန်းထဲမှာရိပေါ်တစ်ယောက်ယောင်လည်လည်
ဖြစ်နေတယ်။ သူခြေစုံရပ်မိတာက နံရံမှာချိတ်ဆွဲထားတဲ့
လီလီပန်းပုံပန်းချီကားရှေ့တွင်ဖြစ်သည်။

ထိုပန်းချီကားချပ်ကိုပါးပါးကဘာလို့လူအလာနည်းတဲ့
စာကြည့်ခန်းမှာလာထားသလည်းရိပေါ်လည်းမတွေးတတ်။
ဝမ်ပါးရှိစဉ်ကစာကြည့်ခန်းထဲကိုဘယ်သူမှဝင်တာမကြိုက်ခဲ့။
ယုတ်စွအဆုံး သန့်ရှင်းရေးလုပ်မယ်ဆိုရင်တောင် သူ့ဟာသူ
လုပ်ခဲ့ခြင်းပင်။

ဒါဟာလည်း ပါးပါးက လီလီပန်း သိပ်ကြိုက်တဲ့သူမို့
သူ့အကြိုက်ကိုတစ်ခြားသူတွေနဲ့မျှမသုံးနိုင်တာဖြစ်ပါလိမ့်မယ်။

ပါးပါးပြောဖူးတယ်။ သူမားမားရဲ့ဗိုက်ထဲမှာတုန်းက မိန်းကလေးဆိုရင်
ဝမ်လီလီဆိုပြီးတောင် နာမည်ပေးဖို့တွေးထားပါသည်တဲ့။
ခက်တာက မွေးလာတော့ယောက်ျားလေးဖြစ်နေတာပဲ။
သို့ပေမယ့် မိန်းကလေးသိပ်ချစ်တတ်တဲ့ ပါးပါးက သူမွေးလာတော့လည်း
တုန်နေအောင်ချစ်ခဲ့တာပါပဲ..။

ရိပေါ် လီလီပန်း၊  ပန်းချီကားကြီးကိုရင်သပ်ရှုမောစွာ
ကြည့်နေလေသည်..။ လက်တလော ပူပူနွေးနွေးသိရတဲ့
ကိစ္စကြောင့်အအိပ်မမှန်သလို အစားလည်းမှန်တာမဟုတ်။
ထို့ကြောင့် သူ့မှာဖြူဖတ်ဖြူလျော်ဖြစ်နေခြင်း။

"ပါးပါး... အဲ့ဒါတွေက တစ်ကယ်ပဲလားဟင် ပါးပါးက
အဲ့လိုလူလား ဘာလို့လုပ်ခဲ့ရတာလဲ သားလေ ရှောင်းကျန့်ကို
သိပ်အားနာတာပဲဗျာ.. "

မျက်ရည်ကြည်လေးတစ်စက်ကပေါက်ခနဲပါးပြင်ပေါ်ကို
ခုန်ဆင်းလာသည်။ သို့သော်မသုတ်ဖယ်မိ..။

တမလွန်မှာရှိတဲ့ပါးပါးကိုခေါ်ပြီးမေးချင်မိသည်။ ဘာလို့
ဒီလိုလုပ်ရပ်မျိုးလုပ်ခဲ့တာလဲလို့..။ ကျွန်တော်သိတဲ့ ပါးပါးက
အဲ့လိုလူမဟုတ်ဘူး..။

တန်ရာတန်ကြေး{Completed}Où les histoires vivent. Découvrez maintenant