Zawgyi 🌴
"အဲ့ဒါ တစ်ကယ်ပဲလား"
ခပ်မိန့်မိန့်စကားသံကြောင့်ထိုလူကြီးကသက်ပြင်းချလေသည်။
နောက်၊ ခေါင်းကိုလေးပင်စွာညိမ့်ပြလိုက်တယ်..။ ဒီအဖြေကို
ကြိုတွေးမိသော်ငြားတစ်ကယ်ကြားသိလိုက်ရတော့ရှောင်းကျန့်
တင်းခံထားသမျှတွေအလဲလဲအပြိုပြို။"ဘာလို့လဲ.. ဘာလို့ သူက ဒါမျိုးလုပ်ရတာလဲ ပါးပါးမှာ
ဘာအပြစ်မှ မရှိခဲ့ပဲ""မင်းဆိုရင်ရော သူ့နေရာမှာ ဘာလုပ်မှာလဲ တစ်ခြားသူလက်ထဲ
ထည့်ပေးမှာလား"ဒါကမေးခွန်းသတ်တဲ့သဘော။သူဆိုရင်ရော ရိပေါ်ကို
ပြန်ထည့်ပေးမည်တဲ့လား။ ဟင့်အင်း ဒါက တွေးတဲ့ထဲတောင်မပါဝင်။
အကယ်၍ရိပေါ်သာသူ့စိတ်နဲ့သူ့ကိုယ်ပြန်လိုက်သွားမယ်ဆိုရင်
အတိုက်ခံပြန်လုမှာပင်။သူခေါင်းခါပြတော့ရန်လွီဆွေ့ကအသံပြု၍ရယ်သည်။
ဇန်မင်ဟွေ့ က ပါးပါးကို သတ်တယ်ဆိုတာ အသိသာကြီး။
ရယ်စရာလည်းကောင်းသည်။ အဲ့ဒါထက် ပိုရယ်စရာကောင်းတာက
ဇန်မင်ဟွေ့ကသာသူ့ပါးပါးအရင်းဟူ၍။"သူ ရှောင်းယဲ့ရှီ ကို သတ်ပစ်တာ မုန်းလို့!!!
"မုန်းတယ်!! ဘာလို့လဲ အနည်းဆုံး သူတို့ချစ်ခဲ့ကြသေးတာကို"
"အင်း.. အမုန်းတွေက အချစ်ကနေ ဖြစ်တည်လာခဲ့တာ
သူက မင်းငါတို့ဆီရောက်လာတော့ မင်းကိုသူ့သားဆိုပြီး
ငါ့ကိုပြောသေးတာ.. ""ကျွန်တော်လုံးဝ မထင်မိဘူး ကိစ္စအားလုံးရဲ့ ကြိုးကိုင်သူက
ကျွန်တော်အယုံကြည်ရဆုံးလူ ဖြစ်နေမယ်ဆိုတာကိုလေ"ပြောရင်းအသံတွေကအစအဖျားခတ်တုန်ယင်လာရသည်။
ဇန်မင်ဟွေ့ကသူတို့မိသားစုတစ်ခုလုံးကိုဖျက်စီးခဲ့တဲ့သူဆိုတာ
မထင်ခဲ့ရိုးအမှန်ပါ။ ဒီချိန်မှာ သူအသက်ရှင်လျက်ရှိသေးပါက
သတ်မိမှာအသေချာပင်။"သူက ကျွန်တော်ကို အရမ်းမုန်းနေတာဗျ မလိုချင်ခဲ့ဘူး
သူ့ကို ကျွန်တော်ကြောင့် ပါးပါးကစွန့်ပစ်ခဲ့တာလေ""........"
"ပြီးတော့ သူက ကျွန်တော်မေမေအရင်းကိုလည်း ကျွန်တော်အသက်
၃နှစ်ပြည့်တဲ့နေ့မှာ သတ်ပစ်ခဲ့တာဗျ အဲ့လူအရမ်းရက်စက်တယ်"