|30|

1.9K 186 30
                                    

Zawgyi 🌴

စကားပြောသံတစ်ချို့ကိုခပ်သဲ့သဲ့ကြားရသည်။ထိုအသံတွေက
နီးလာလိုက်၊ ဝေးသွားလိုက်နဲ့ နှာခေါင်းဝကိုတိုးဝင်လာတဲ့
ခပ်လှိုင်လှိုင်ဆေးနံ့တွေကြောင့်မျက်လုံးတွေကြိုးစားဖွင့်တော့
အဖြူရောင်မျက်နှာကျက်ကမင်္ဂလာပါဟူ၍။

ဘေးဘီကိုဝေ့ကြည့်တော့သူ့အနားကိုလျင်မြန်စွာလျှောက်လာနေတဲ့
ဟန်ကျားရီကိုတွေ့ရပြန်တယ်။ ခေါင်းလေးကို အနည်းငယ်
စောင်းမှုနဲ့အတူ မျက်ဝန်းကနေ စီးကျလာသော မျက်ရည်များ။
အခုထိစူးခနဲနာကျင်နေသေးတဲ့ဗိုက်ကြောင့်မျက်နှာကြီးထပ်မံ
မဲ့ကျသွားရလေသည်။

"မင်းနိုးပြီလား.. ကိုယ်စိတ်ပူနေတာ.. "

"........."

"ဘယ်လိုနေသေးလဲ တစ်နေရာကနာကျင်တာ ရှိလား"

"ကလေးရော!!!

ဟန်ကျားရီကကွက်ခနဲမျက်နှာပျက်သွားတယ်။ကလေးကိစ္စကို
သူ့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပြောရပါ့မလဲ?

"မင်းသတိမေ့နေတာ သုံးရက်ရှိပြီ... "

"ကလေးရောလို့ မေးနေတယ်လေ.. "

အဖျားခတ်တုန်ယင်သွားတဲ့သူ့အသံကြောင့်ဟန်ကျားရီက
သက်ပျင်းသဲ့သဲ့ချတယ်..။ ဒါက ခံစားချက်မကောင်းမှန်း
ဟန်ကျားရီရဲ့မျက်နှာထားကို ကြည့်ရုံနဲ့ သိလိုက်ပါတယ်။

"ငါ့ ကလေး ဘာဖြစ်သွားလဲ"

"ကလေး မရှိတော့ဘူး ရိပေါ်... "

မျက်လုံးကိုနာကျင်စွာပိတ်ချလိုက်တော့ထပ်မံယိုယွင်း
စီးဆင်းလာတဲ့မျက်ရည်တွေကပါးပြင်တစ်လျှောက်ဒလဟောပင်။

"ရိပေါ်ကလေးက ထာဝရပျောက်ကွယ်သွားပြီ.. "

"အရမ်း.. ချစ်စရာကောင်းမှာပဲနော် "

"ဟုတ်တယ် ချစ်စရာကောင်းတယ် ကိုယ်မင်းအမျိုးသားနဲ့အတူ
ကလေးကို မင်းတို့ခြံထဲမှာပဲမြုပ်ထားတယ်.. "

"ဟန်နီ.... "

ထိုစဉ် သူရှိရာကို ချွေးတလုံးလုံးနဲ့ ပြေးလာတဲ့ရှောင်းကျန့်ကို
တွေ့လိုက်ရတာမို့နာနာကျင်ကျင်တစ်ချက်သာကြည့်ပြီး
မျက်နှာလွှဲလိုက်သည်။ ထိုအမျိုးသားကတော့ သူရှိရာကို
ပြေးလာပြီး သူ့ကိုရင်ခွင်ထဲဆွဲသွင်းလေသည်...။
သို့ပေမယ့် သူကတော့လက်သင့်မခံပဲ ပြန်ရုန်းထွက်လေတယ်။

တန်ရာတန်ကြေး{Completed}Where stories live. Discover now