Zawgyi 🌴
"ဟန်နီ နေမကောင်းဘူးဆို ဘာလို့ကိုယ့်ကိုမပြောလဲ"
ပြန်လာလာချင်းအခန်းထဲဝင်လာ၍ကုတင်ပေါ်မှာဇိမ်ကျကျ
အိပ်နေတဲ့သူ့နှဖူးကိုစမ်းပြီးအမျိုးသားကစိုးရိမ်ဖွယ်ရှိတဲ့
မျက်နှာထားနဲ့မေးတယ်။ ရိပေါ်နှုတ်ခမ်းမဲ့ချပြီး အမျိုးသားရဲ့
လက်တွေကိုပြန်ပုတ်ချကာ"ဒီစကားကို ဘယ်ကနေကြားလာခဲ့တာလဲ??
မျက်နှာထားတင်းတင်းနဲ့ပြန်မေးလိုက်တော့အမျိုးသားရဲ့
မျက်နှာကွက်ခနဲပျက်တယ်..။ သူကလည်း ဒီလိုမျက်နှာအသွင်ကို
အားပါးတရ အရသာခံကြည့်နေလိုက်တယ်....။"မင်းလူတွေပြောလို့ သိတာပါ ဟန်နီရဲ့ တစ်ကယ်ပဲအဆင်ပြေရဲ့လား
ဘာဖြစ်လို့လဲ "ရိပေါ်လှဲနေရာထထိုင်လိုက်ပြီးဘေးနားကခုံပေါ်မှာရှိတဲ့
အာလူးကြော်ထုတ်ကိုဖောက်စားနေလိုက်တယ်..။ ရှောင်းကျန့်ရဲ့
မေးခွန်းတွေကို တော်တော်နဲ့ပြန်မဖြေ"ကိုယ်ရောက်ရောက်ချင်းအဲ့လိုကြားလိုက်ရတော့ ဘယ်လောက်ထိ
စိတ်ပူသွားရလဲ သိရဲ့လား"တစ်ကယ်ဆိုရှောင်းကျန့်ဘက်ကအဲ့ဒီလိုမျိုးဟန်ဆောင်ပြီး
ပြောနေဖို့မလိုတော့ဘူးထင်တယ်..။ ရိပေါ်အကြောင်းစုံ
သိသွားပြီးတဲ့နောက် ရှောင်းကျန့်နဲ့စကားပြောဖို့ စောင့်နေခဲ့တယ်..။'နောက်ကျမယ်စောင့်မနေတော့နဲ့'ဆိုတဲ့မက်ဆေ့ခ်ျကလွဲလို့
ဘာမှထပ်ရောက်မလာခဲ့။ အမှန်တိုင်းပြောရရင် တစ်ညလုံး
အိမ်ကို ပြန်မရောက်ခဲ့..။ငါကသာ..မင်းကိုစောင့်ရင်း အခန်းထဲမှာ အိပ်ပျော်သွားရတာ?
ဒီတစ်ခါရောဘယ်လိုဆင်ခြေမျိုးပေးလာဦးမလဲ?"မင်းဘာလို့ တစ်ညလုံးပြန်ရောက်မလာခဲ့တာလဲ အဲ့ကိစ္စအရင်ရှင်း"
"အာ.. ဒါလား ဟန်နီက ကိုယ့်ကို စိတ်ပူနေတာပဲ.. "
ပြုံးစစနဲ့ပြောလာတာမို့ရိပေါ်နှုတ်ခမ်းတွေမဲ့ခနဲဖြစ်သွားတယ်။
"ကိုယ် ချန်ရိဆီမှာ!!!
"ထပ်ပြီး သူပဲလား???