Zawgyi 🌴
Companyမှာလစ်ဟာမှုမရှိလေအောင်အခုတလောသူကိုယ်တိုင်
ဦးစီးဖြစ်တယ်။ ရှောင်းကျန့်သတင်းကြောင့် Companyမှာ
တအားကြီးပရမ်းပတာဖြစ်သွားသော်ငြားအတော်ကြာတော့
ပြန်ငြိမ်ကျသွားတာပဲ။ရှောင်းကျန့်နဲ့ဆိုအခ်ျိန်မလေးစားပဲပေါ့ပေါ့တန်တန်နေတဲ့
ဝန်ထမ်းတစ်ချို့ကCompanyကိုသူစရောက်လာတဲ့နေ့ကစလို့
အီးတောင်လှည့်မပေါက်ရဲကြ။အခုတော့ ဒီအလုပ်တွေ
သိပ်မုန်းပေမယ့် လုပ်နေရပြီ။ဘုရားရေ ဒါက ဘယ်လိုဝဋ်ကြွေးကြီးများလဲ..?
ရှောင်းကျန့်မရှိတဲ့ဒီတစ်လအတွင်းမှာသူ့မှာလုပ်စရာတွေက
တောင်လိုပုံနေပြီ..။ စိတ်ပျက်ငြီးငွေ့နေပေမယ့်လည်း
ထွက်ပြေးလို့လည်းမဖြစ်ပြန်။ထိုင်ခုံပေါ်မှာကျောမှီချရင်းအဖြူရောင်မျက်နှာကျက်ကိုကြည့်ကာ
လေပူတစ်ချက်မှုတ်ထုတ်မိပြန်၏။ သူက အမျိုးသားမရှိတော့တဲ့နောက်မှာ
ပိုပြီးကောင်းလာတာဘာမှမရှိတဲ့အပြင်ဆိုးလာတာတွေက
ပိုများနေတယ်..။အရင်လိုမျက်လုံးပိတ်လိုက်ရင်တန်းပြီးအိပ်မပျော်တော့ပေ။
ကြာတော့ဆေးပါကူရသည်အထိ။တစ်ခါတစ်လေ မနက်အိပ်ရာနိုးရင်
ပန်ဒါမျက်တွင်းကြီးဖြစ်ဖြစ်ကျန်ခဲ့သေးတာ..။ဒီနေ့တော့သူဆရာဝန်ဆီကိုသွားပြဖို့လုပ်ရတော့မယ်။
ဒါဟာလည်း အမျိုးသားအကြောင်းတွေးလိုက်တာနဲ့
ထိုးအောင့်လာတဲ့ရင်ဘက်တွေကြောင့်။ဒေါက် ဒေါက်
"ရိပေါ် ကိုယ်ဝင်ခဲ့မယ်နော်!!
"အာ.. ဟုတ်ကဲ့ "
သူခွင့်ပြုလိုက်တော့ဟန်ကျားရီကလီလီပန်းစည်းနဲ့အတူ
အထဲကိုဝင်လာခဲ့လေရဲ့။ ထို့နောက် ဟန်ကျားရီက
သူ့ကိုပြုံးပြပြီး လီလီပန်းတွေကို ခုံပေါ်မှာတင်ကာ သူနဲ့
မျက်နှာချင်းဆိုင်မှာဝင်ထိုင်လေသည်။"မင်းအလုပ်များနေလား?
"ရပါတယ် အဲ့လောက်ကြီးလဲ မဟုတ်ပါဘူး!!
"ဒီနေ့ ဆေးရုံသွားမယ်ဆို ကိုယ်လိုက်ခဲ့မယ်... "
"အင်း... ခင်ဗျားသဘောပဲ လိုက်ချင်လိုက်ခဲ့လေ.. "