Unicode
"သားမှာ ချစ်သူရှိပါတယ်အဖေ "
"ဟေ "
ဦးထွန်းခင်ရော ဒေါ်ရှင်ဆောင်းပါ မျက်လုံးပြူးကုန်သည်။
ကိုမင်းဆွေတို့ လင်မယားမှာတော့ သူတို့ မပြောဘူးလားဆိုသည့် အကြည့်နဲ့ ကြည့်နေသည်။"ဘယ်အပိုင်းကလဲကွဟင် ငါ့သားက တယ်ဟုတ်ပါ့လား "
"အလယ်ပိုင်းက အဖေ သူ့မိဘက ဦးစံလင်းနဲ့ ဒေါ်သင်းနွယ်ပါအဖေ "
"ဟ ငါ့သားက တယ်ရွေးတတ်ပါလား အေးကွာ ကိုယ့်အသိုင်းအဝိုင်းနဲ့ အဆင်ပြေတဲ့ မိသားစုဆိုတော့ အဖေက မကန့်ကွက်ပါဘူး ။ နို့ ဒါနဲ့ မိဆွေလေးနဲ့ ကြိုက်တာ ဘယ်လောက်ကြာပြီလဲ "
ကိုစံလင်းတို့ဆိုတာ ရွာမှာ ပိုက်ဆံရှိသည်အသိုင်းအဝိုင်းကဖြစ်သည်။ ဒီတောင်ပိုင်းမှာ သူတို့ဆို အလယ်ပိုင်းမှာတော့ ကိုစံလင်းတို့က ထိပ်ပင် ။
"၅နှစ်တော့ ရှိပြီအဖေ ။ မိဆွေနဲ့တော့ မဟုတ် သူ့အစ်ကို မျိုးမြတ်မဟာနဲ့ အဖေ"
မောင်ဖြစ်သူပြောချလိုက်တော့ သူတို့အဖေ တစ်ရွာလုံးနဲ့ တစ်ယောက် ဦးထွန်းခင်မှာ ပါးစပ်ဟောင်းလောင်းနဲ့ ပြောစရာပင်မရှိပေ။
သူတို့လင်မယားနဲ့ အမေမှာတော့ သူ့အဖေကို ကြည့်ပြီး တခွိခွိနှင့်သာ ။ အသံလည်း အကျယ်ကြီး မထွက်ရဲ။
"ဘာ မျိုးမြတ်မဟာဆိုတာ ဟိုတလောကမှ ပညာတော်သင်က ပြန်လာတဲ့ကောင်မဟုတ်လား ။ "
"ဟုတ်ပါတယ်ဖေဖေ မျိုးမြတ်မဟာက အရည်အချင်းလည်းရှိတယ် ။ပြီးတော့ မောင်လေးနဲ့လည်း ငယ်ငယ်ကတည်း သူငယ်ချင်းဆိုတော့ ဖေဖေ သဘောမတူဘူးလားဟင် "
သူမ ၀င်ပြောတော့ ဖေဖေက ခဏတော့ တွေဝေ နေဟန်ရှိသည်။ မေမေက တော့ သူတို့မောင်နှမရဲ့ စိတ်ချမ်းသာမှု့ကိုပဲ ဦးစားပေးနေကျဆိုတော့ ဒီတစ်ခါလည်း မောင်လေးစိတ်ချမ်းသာရေးကိုသာ အလေးပေးလိမ့်မည်။
"ဟ သဘောမတူနိုင်ပါဘူး ။ ဘယ်နှယ့် နဂိုကမှ အခြောက်ဆိုပြီး သူများလက်ညှိုးထိုးနေတဲ့ကြားထဲ အခု မင်းက ယောက်ျားတစ်ယောက်နဲ့ပါ ကြိုက်နေသေးတယ်ဆိုတော့ ရွာထဲ ငါဘယ်လို မျက်နှာပြရမလဲကွ ဟမ်။ ဘာမှ အထွန့်တက်မနေဘဲ ငါပေးစားတဲ့ အေးသွယ်လေးနဲ့သာ အသာတကြည် လက်ထက်လိုက် ပိုင်လွန်းသော် "
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။