Unicode
တန်ဆောင်မုန်းလအကုန် နတ်တော်လ အကူး ဆောင်းရာသီအစ၌ ဆောင်လေရူးက တစ်ဟူးဟူးတိုက်ခတ်လျက်....
နှင်းမြူရိပ်သန်းသော ရွာညနေခင်း၏အလှကို တစ်နေ့တာ တာ၀န်ကျေသွား၍ ကွယ်လျှိုးပျောက်ကွယ်လုနီးသော ပုစွန်ဆီရောင် နေလုံးကြီးကလည်း အားဖြည့်ကူညီလျှက်။
ထိုအလှအပများကို ဂရုမစိုက်နိုင်လောက်အောင် အကြိတ်အနယ် ဆွေးနွေးနေကြသည့် နှစ်ထပ်အိမ်အောက်ထပ်က လူအုပ်ကြီးကတော့ သတိမမူနိုင်။ အလှကိုလည်း မခံစားနိုင်ကြ။။သူတို့၏ စကားဝိုင်းကိုသာ အကြိတ်အနယ် ဆွေးနွေးနေကြသည်။"ကိုထွန်းခင် ဒါတော့ မကပ်နဲ့ဗျာ ခင်ဗျား သား နဲ့ ကိုစံလင်းသား ဘယ်သူက ဘာဆိုတာ အသိသာကြီးကို "
"အိုဗျာ ဘာပဲဖြစ်ဖြစ် ကျုပ်က သမီးရှင်နေရာတော့ မနေချင်ဘူး ဒါကြောင့် စံလင်း အိမ်မှာပဲ မဂ်လာဆောင်မယ် "
မဂ်လာဆောင် ဖိတ်စာပြီးတော့ မဂ်လာဆောင်ရမည့် အိမ်ကို ရွေးကြတာပင်။ မဂ်လာပွဲလုပ်ရင် မိန်းကလေးအိမ်မှာပဲ ကျင်းပလေ့ရှိသည်မဟုတ်လား ။ အခုက ယောက်ျားလေး နှစ်ယောက်ဆိုတော့ ဂွ ကျတာပင်။
တစ်ဖက်ကလည်း ကိုထွန်းခင် အိမ်မှာပဲ ဆောင်ချင်သည်။ ကိုထွန်းခင်ကလည်း သူ့အိမ်မှာ အဆောင်မခံ။ တစ်ဖက်အိမ်မှာသာ ဆောင်ချင်သည်။ ပြောရရင် သားကိုလည်း ပေးရသေး မိန်းကလေးရှင်လည်း ဖြစ်ရအုံးမည်ဆိုတော့ အဖြစ်မခံနိုင် ။ နားဖောက်တုန်းက သူက မိန်းကလေးရှင်နေရာ နေခဲ့ပေးတာပဲ ။အခုတော့ သူတို့ဘက်မှာ ဆောင်ကို ဆောင်ရမည်။ ဒါ ထွန်းခင် ဆုံးဖြတ်ချက်ပဲ ။ဘယ်လိုပြောမရအောင် ဂွကျသည့် ကိုထွန်းခင်ကြောင့် တစ်ဖက်အိမ်မှာ ဆောင်မည်ဟုသာ အလျော့ပေးလိုက်ရသည်။ ဒီအခါကျမှ ကိုထွန်းခင်ရဲ့ လငပုတ် ဖမ်းသည့် မျက်နှာကလည်း ဦးစံလင်းအိမ်ဘက်ကို အန်လိုက်တာကြောင့် ကြည်ကြည်လင်လင်ဖြစ်သွားသည်။ ဦးစံလင်း အိမ်ကတော့ ဆန်ရေစပါး တိုးတက်အုံးမှာပင်။
*ထွန်းခင်တဲ့ တစ်ခင်ပဲရှိတယ် ဘူးဆို ဖရုံမသီးဘူး *
ဒါကတော့ ဦးထွန်းခင်လက်သုံးစကားပင်။ သူ့ဘူးစင်ကို ဖရုံသီးခွင့်ရတာဆိုလို့ မျိုးမြတ်မဟာတစ်ယောက်သာရှိသည်။
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။