Unicode
"မရှင်ဆောင်းရေ ခဏလာ၀င်ပါအုံး"
အိမ်ရှေ့က ဖြတ်သွားသည့် မရှင်ဆောင်းကိုမြင်တာနဲ့ လှမ်းခေါ်လိုက်သည်။
"လာ ထိုင် မရှင်ဆောင်း အခု ဘယ်က ပြန်လာလဲ "
"အော် မပြောချင်ပါဘူး သင်းနွယ်ရယ် မြောက်ပိုင်းကို အကြွေးသွားတောင်းတာပါအေ လူတွေကလည်း ယူတော့ ပြုံးပြုံး တောင်းတော့ မုန်းမုန်းအေ့ ဒါတောင် အတိုးကြီး ပေးစားတာ မဟုတ်ဘူးနော် "
ဒေါ်ရှင်ဆောင်းက ပြောလည်းပြော ဒေါ်သင်းနွယ် ငှဲ့ပေးထားသည့် ရေနွေးခွက်ကိုလည်း ကောက်မော့လိုက်သည်။
"ဒီလိုပဲပါအေ ကျုပ်လည်း ဘာထူးတုန်း အလုပ်သမားတွေက စားစရာမရှိတော့တာ ကျုပ်ဆီက ငွေလာထုတ်ပြီး အလုပ်လုပ်ချိန်ကျ လုပ်ပေးမယ့်လူက မရှိတော့ဘူး ။ "
"ဒါနဲ့ ငါ့ကို ခေါ်တာ ဘာပြောမလို့လဲ "
မရှင်ဆောင်းလည်း နည်းနည်း မျက်နှာကို ပြင်လိုက်ပြီး
"ဒီလို ရှင်ဆောင်းရဲ့ နားနဲ့မနာ ဖဝါးနဲ့ နာပါအေ "
"ပြောစမ်းပါအေ ဘာမို့လို့လဲ "
"ညည်းလဲ သိပြီးလောက်မလား မသိပေမယ့် ငါပြောတာလေး သေချာ နားထောင်နော် ။ ငါတို့ အိမ်က မျိုးမြတ်နဲ့ ညည်းသား ပိုင်လွန်းလေးနဲ့က မေတ္တာမျှနေတယ်တဲ့အေ ။ သားကလည်း အခု လိုက်တောင်းခိုင်းနေလို့ အကျိုးအကြောင်း ညည်းကို ခေါ်ပြောတာ "
"ငါလည်း သိပါတယ် ဒီအကြောင်းကို ။ ဒါနဲ့ ညည်းတို့က သဘောတူတယ်လား "
"အေး တူလို့ပေါ့ အခုည လာပြီး အကျိုးအကြောင်းပြောပြီး နားဖောက်( စေ့စပ် )ဖို့ ရက် သတ်မှတ်ကြမလားလို့ အဲ့ဒါ ဦးလွန်းခင် ပြန်ရောက်နေပြီလား သိချင်လို့ "
"အေး အဖေက မနက်စောစောပဲ ပြန်ရောက်တယ် ညကျ လာခဲ့ပေါ့အေ ကလေးတွေကို သဘောတူပေးလို့ ကျေးဇူးတင်ပါတယ်ဟယ် "
ဒေါ်ရှင်ဆောင်းက မျက်ရည်တွေလည်ကာ ဆိုတော့ ဒေါ်သင်းနွယ်ကလည်း ငိုလေသည်။
"ရှင်ဆောင်းရယ် ငါတို့က အသက်ရှိပြီး အသိဉာဏ်ရှိတဲ့ လူသားတွေကို မွေးထားတာလေ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတာမှ မဟုတ်တာလေ "
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။