အပိုင်း ( ၁၂ )

9K 542 1
                                    

Unicode

"မောင် ထတော့ ဈေးလိုက်ပို့မယ်ဆို "

ကုတင်ပေါ် ‌မှောက်ရက် အိပ်နေသည့်မောင့်ကျောကို ခပ်ဆတ်ဆတ်ရိုက်ကာ နှိုးတော့ အင်း အဲ ဆိုပြီး တစ်ဖက်လှည့်ကာ ပြန်အိပ်သွားလေသည်။ ၀တ်ထားသည့် ဒူးတိ ဘောင်းဘီတိုလေးကလည်း ဖက်လုံးကို ခွထားတာကြောင့် ပေါင်သား ညိုညိုတွေက အထင်းသား။
မထသေးသည့် ကာလနဂါးလက်သစ်ကို မနှိုးသေးဘဲ ရေချိုးခန်းထဲ ၀င်ကာ မျက်နှာသစ်လိုက်သည်။ ဒီနေ့ မောင်လည်း အလုပ်ပိတ်တယ်ဆိုတော့ ခဏတော့ အိပ်ပါစေအုံး နောက်မှာ ထမင်းအိုးတည်ပြီးမှ ၀င်နှိုးရမည်။

ဝှါး

"ချစ်သည်း ဘာတွေ လုပ်နေတာလဲ "

အသော်မှ ထမင်းအိုးဆန်ဆေးကာရှိသေး ‌နောက်ကနေ သိုင်းဖက်လာသည့် မောင်ကြောင့် တစောင်းလှည့်ကြည့်လိုက်သည်။

"မျက်နှာလည်း မသစ်ရသေးဘူး သွားသွား မျက်နှာသစ်အုံး ပြီးရင် ဈေးသွားရအောင် "

"အွန်း ချစ်သည်း မောနင်းကစ် မွ "

အသော့် ပါးကို ခပ်ဖွဖွနမ်းပြီး မောင်က အခန်းထဲ ပြန်သွားလေသည်။ မောင်ဟာလေ ဘယ်တော့ နမ်းနမ်းအသော်ပါး ခပ်တင်းတင်းလေးကိုသာ နမ်းလေ့ရှိသည်။ တစ်ခါတစ်လေကျရင် သူ့လက်နှစ်ဖက်နဲ့ ပါးပြင်ကို အတင်း ဖိပွတ်တာ တစ်မျိုး ဆွဲတာ တစ်ဖုံ စိတ်ရှိသလို ပြုမူတတ်သေးသည်။

"အသော် မောင်ပြီးပြီ "

ကျွန်တော် အိပ်ခန်းအ၀ကနေ လှမ်းအော်တော့ မီးဖိုခန်းက‌နေ လက်ဆွဲခြင်းကို ဆွဲကာ ထွက်လာသည့် ချစ်သည်း ။ အရင်က နှားရွက် အုပ်ရုံဆံပင်တွေက အခုတော့ နားရွက်အောက်ထိ ဖြာကျနေလေပြီ။ တိုက်ခန်းထဲနေတာ သုံးရက်တောင် မပြည့်သေးပေမယ့် နဂို ဖြူတဲ့ အသော်က အခုတော့ ပါးမို့လေးတွေကပါ ခပ်ရဲရဲ ။

"လာသွားမယ် အသော့်ကို မမြင်ဖူးဘူးလား ငေးနေလိုက်တာ "

မောင့်လက်တစ်ဖက်ကို သွားဖက်ရင်း စ သလိုပြောတော့ မောင်က ပြုံးပြလာသည်။

"အင်း မမြင်ဖူးဘူး အသားလေးတွေတောင် ဒီလောက်ဖြူ၀င်း‌နေတာ မောင်မမြင်ဖူးတဲ့ နေရာဆိုရင် ထိရက်စရာတောင်ရှိမှာမဟုတ်ဘူး "

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Où les histoires vivent. Découvrez maintenant