အပိုင်း ( ၁၆ )

8.3K 502 9
                                    

UNICODE

ပုံမှန် မြို့တွေမှာဆိုရင် ည၈နာရီ ၉နာရီက သွားလာလှုပ်ရှားကောင်းတုန်း အချိန်ပေမယ့် ရွာမှာကတော့ အိပ်ချိန်ပင်။

"မောင်တို့လည်း အိပ်ရအောင် ချစ်သည်း "

"အင်း မောင် "

မောင့်မိဘနဲ့ မောင့် ညီမလေးက အောက်ထပ်မှာပဲ အိပ်ကြသည်။ မောင့်အခန်းကတော့ အပေါ်ထပ်ပင်။

"ချစ်သည်း အရင်သွားနှင့် မောင် တံခါးတွေ လိုက်ပိတ်လိုက်အုံးမယ် "

"ဟုတ် "

ရှက်နေမှန်းသိလို့ တမင် ရှေ့က သွားခိုင်းလိုက်တာ ။ မဟုရင် အသော့်မျက်နှာက ကြက်ဥတင်ကြော်လို့ရတော့မယ်။

"ဟော ပြတင်းပေါက်ကြီး ဘာလို့ ဖွင့်ထားတာလဲ ချစ်သည်းရဲ့ "

အခန်းထဲ၀င်တော့ တဖက်ဘေးစောင်းကာ အိပ်နေသည့် အသော်။ ပြတင်းပေါက်ကလည်း အခုထိ မပိတ်ရသေး ။
အအေးတွေ ပတ်တော့မှာပဲ ။

"အေးအေးလေး နေချင်လို့ "

သူရှိရာကို လည်စောင်းရုံလေးလှည့်ကြည့်ကာ မျက်နှာချိုသွေးနေသည့် အသော်လေးက ဖင်လေးကို ခပ်ဆတ်ဆတ်ရိုက်ပစ်ချင်စရာ ။

"မရဘူး ပိတ်လိုက်တော့မယ် "

ဂျုန်း

"ဟာ မောင့် "

"လာ အိပ်တော့ ‌အအေးပတ်ပြီး နေမကောင်းဖြစ်လိမ့်မယ် "

ခါးသွယ်သွယ်ကို ဆွဲဖက်ကာ ရင်ခွင်ထဲ သွင်းတော့ အလိုက်တသိခို၀င်သည်။ သို့ပေမယ့် နှုတ်ခမ်းကတော့ ဆူပုတ်လို့ ။
ဆူ‌နေသည့် နှုတ်ခမ်းလေးကို ခပ်ဖွဖွ နမ်းတော့ မျက်လုံးလေး လှန်ကြည့်လာသည်။

"ဘာလဲ ညနေကတည်းက ရှောင်နေတာ‌ အခုမှပဲ မိတော့တယ် ကိုယ့်စကားကိုယ်တည်နော် ချစ်သည်းလေး "

"အင်း..အင်းပါ ဘယ်သူက ဘာပြောလို့လဲ "

သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း မောင်က ထပ်ပြီး နမ်းလာပြန်သည်။ ဒီတစ်ခါတော့ ပထမ တစ်ခါလို ခပ်ဖွဖွမဟုတ်ဘဲ ကြမ်းကြမ်းတမ်းတမ်း ။

ပြွတ် !

"အတင်းကို နမ်းနေတော့တာပဲ အသော့် နှုတ်ခမ်းလေး ရှိမှ ရှိသေးရဲ့လား "

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Où les histoires vivent. Découvrez maintenant