Unicode
"အမေ အမေ ဒီမှာကြည့်အုံး ကောင်လေးက ဆွဲကြိုးချသေသွားတာရယ် "
ခင်မူက သူမရှေ့ ဖုန်းထိုးပြလာသောကြောင့် ကြည့်လိုက်တော့ တကယ်ပင် ။
"ဘာဖြစ်လို့လဲ ခင်မူရယ် ဖတ်ကြည့်စမ်း "
တော်တော်လေး ဖတ်ပြီးတော့မှ
"ဟယ်တော် အမေရေ ကောင်လေးက gayတဲ့ အဲ့တာကို မိဘတွေက သူကောင်လေးတစ်ယောက်နဲ့ကြိုက်နေတာကို သိသွားပြီး ဝိုင်းပြီးဆူတာတဲ့ အဲ့တာကို စိတ်ဆင်းရဲပြီး သတ်သေသွားတာတဲ့ "
"အေးဟယ် သနားပါတယ် ငယ်သေးတာကို "
သူတို့ သရုပ်ဆောင်တာလည်း အိမ်ရှေ့ တန်းလျားမှာ ထိုင်နေသည့် ကိုထွန်းခင်ကိုလည်း ကြည့်ရသေးသည်။ အမှန်တော့ ဒီသတင်းကို ဟိုနေ့ကတည်းက သိပြီးသားပင် အခုမှ ဘာလို့ အကျယ်ကြီး ဖတ်ပြရသလဲဆိုတော့ ကိုထွန်းခင် တရားကျလို ကျငြားပေါ့ ။
တန်းလျား ထိုင်နေသည့် ကိုထွန်းခင်က နားစွင့်ပုံပေါ်တာကြောင့် သူတို့သားမိ အစီအစဉ်က အောင်မြင်သည်ပြောရမည်။"အမေရယ် ကိုယ့်သားသမီးဖြစ်တည်မှု့ကို ကိုယ်က လက်မခံရင် ဘယ်သူက လက်ခံပါ့မလဲ နော်
အိမ်ခွေးနဲ့ ဧည့်ခွေးကိုက်ရင် အိမ်ခွေးကို နိုင်စေချင်တာပဲ မဟုတ်လား ခွေးတောင် ကိုယ့်ခွေးကို သာစေချင်ရင် သားသမီးဆို ပိုပြီး အားပေးရမှာပေါ့ ။ မိဘကတောင် လက်မခံရင် ဘေးလူက ပိုပြီး အတင်းတုပ်မှာပေါ့နော် "အသော် အိမ်ပေါ်ထပ်က ဆင်းလာတော့ လှေကားပေါ်ကနေ အမေနဲ့ အစ်မပြောနေတာတွေကို အတိုင်းသားကြားရသည်။ အိမ်ရှေ့မှာ အဖေလည်း ရှိသည်ဆိုတော့ သေချာသည် အဖေ့ကို ရည်ရွယ်ပြီး ပြောသည့် စကားတွေပင် ။
မောင်ကလည်း သူ့အိမ်ကို ဖွင့်ပြောလိုက်ပြီဆိုတော့ ဘာတွေ ဆက်ဖြစ်အုံးမယ် မသိ။"အေးလေဟယ် အမေကတော့ ကိုယ့်ကလေးကို လက်လွတ်စပယ် မပြောရက်ပါဘူး သူတို့လည်း ဒီလို ဘယ်ဖြစ်ချင်ပါ့မလဲ ဘ၀ပေးကုသိုလ်ပဲ ပြောရမှာပေါ့ "
"ကဲ မရှင်ဆောင်း မင်းတို့ စကားပြောနေတာ ခဏထား ငါ့ကို သံပုရာရည်လေး ဖျော်ပေးစမ်းပါ ခေါင်းတွေနောက်နေလို့ ။ နေကလည်း ပူလိုက်တာ နေစရာကို မရှိပါဘူး "
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။