အပိုင်း ( ၁၄)

8.6K 520 2
                                    

ဖြောင်း ဖြောင်း
"Everybody ဒီနေ့ ဒီလောက်နဲ့ပဲ နားကြတာပေါ့ အိုကေ အခုတော့ တို့ရဲ့ ဆရာကြီး မျိုးမြတ်မဟာရဲ့ supriseအစီအစဉ်လေးကို ဝိုင်းပြီး ပံ့ပိုးကြရအောင် let's go "

စားပွဲပေါ်မှာ ခပ်လျောလျော မှီထိုင်ပြီး ‌တစ်ရုံးလုံးကြားအောင် အော်ပြောနေသည့် CEO ကျော်ထိုက်တန်၏ စကားအဆုံးမှာတော့ ရုံး၀န်ထမ်းများ၏ ၀ရုန်းသုန်းကား ပစ္စည်းသိမ်းသံတွေနဲ့ ဆူညံသွားလေတော့သည်။
တစ်ရုံးလုံး၏ အချစ်တော် ဆိုလည်းဟုတ် ၊ အကြောက်ဆုံးဆိုလည်း ဟုတ်သည့် သူတို့ ဆရာကို နှမြောကြသည့် လူများကလည်း ဒုနဲ့ဒေး ။

"ဆရာကဟယ် ငယ်ငယ်လေးပဲရှိသေးတာကို ဘာလို့ အိမ်ထောင်ပြုတာလဲ မသိဘူးဟယ် "

"အေးဟယ် အသက်ကလည်းငယ် ရုပ်ကလေးကလည်းချော ၊ ပိုက်ဆံကလည်း ရှယ်ရှာနိုင်တာကို ဒီအချိန်ဆို လူပျိုလုပ်ကောင်းရမယ့် အရွယ်ရှိသေးတာ "

ကောင်မလေးနှစ်ယောက်က သူတို့ကို စီစဉ်ပေးထားသည့် ကားပေါ်မှာ နေရာယူရင်း တိုးတိုးတိတ်တိတ် အတင်းမဆိုသာသော အတင်းကို ဆိုနေကြသည်။

"ဟုတ်တယ် အစ်မကြားတာတော့ ဆရာတို့က ငယ်ငယ်ကတည်းက ငယ်‌ချစ်တွေတဲ့ ။ အဲ့လိုဆိုတော့လည်း အခုအသက်အရွယ်နဲ့ ယူတာ မဆန်းပါဘူး။ တဖက်က မိန်းကလေးကလည်း အတော်လေး ချောတယ်ကြားတယ် "

ဘေးခုံက အစ်မကလည်း ခပ်ကြိတ်ကြိတ် ၀င်ပြောသည်။

"ဟယ် အစ်မရယ် ဘယ်က မိန်းကလေးရမှာလဲ ယောက်ျားလေးတော့ အဲ့သတင်းကြားတုန်းကဆို ညီမတို့ Account departmentတစ်ခုလုံး အုံးအုံးကျွတ်ကျွတ်ပဲ "

"ဟယ် ဟုတ်သလား အစက မဂ်လာဆောင်မယ်ကြားတော့ ဟိုအမျိုးသမီးနဲ့ ထင်နေတာ "

"အို အစ်မကလည်း အဲ့ဒီအမျိုးသမီးက အတင်းလိုက်ကပ်နေတာရယ် ။ ဆရာက အဖက်တောင်မလုပ်ဘူး "

"ဆိုင်ရောက်ပြီ အစ်မရေ ဆရာ့ဟာလေးကို မြင်ရတော့မယ် "

"အေးတော့် ငါလည်း မြင်ဖူးချင်နေတာရယ် သူတို့က အခုတော့ ရောက်မယ်မထင်ဘူး ငါတို့ထွက်လာတော့မှ CFO က ကားနဲ့ထွက်သွားတာ "

"လာလာ အစ်မ စီစဉ်စရာရှိတာ စီစဉ်ပေးရအုံးမယ် "

‌ကျော်ထိုက်တန်တစ်ယောက် ကိုယ်တိုင်ကားမောင်းရမှာ ပျင်းလွန်းလို့ ၀န်ထမ်းတွေကားနဲ့ လိုက်ပါတယ် ။ ကြားလိုက်ရသည့် အတင်းတွေဆိုတာ နားနဲ့တောင်မဆံ့။ မဟာကြီးတော့ ကားမောင်းရင်း ခလုတ်တိုက်နေတော့မှာပဲ ။ ပြောနေသည့် ကလေးမတွေကလည်း သူပါမှန်း မသိကြဘူးထင်သည်။ သူ့အကြောင်း မပြောတာတော်သေးသည်။ ဒါဖြင့်ဆို အီလည်လည်ကြီးနဲ့ နားထောင်ရအုံးမှာပင်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now