အပိုင်း (၂၂)

7.9K 471 11
                                    

Unicode

မြူငွေ့တလူလူရစ်သိုင်းနေသော အေးစက်စက် ဆောင်းရာသီမနက်ခင်း၌ ချွေးပြိုက်ပြိုက်ကျနေသည့်သူမှာတော့ မျိုးမြတ်မဟာဆိုသည့် ကျွန်တော်ပင်။

"ဟေ့ကောင် အားစိုက်ပြီး မွှေစမ်းပါ "

"ဟာဗျာ တစ်လှည့် လာဝိုင်းထိုးဦး ကျွန်တော်တစ်ယောက်တည်း မွှေနေရတာ "

နေ့လည်ဘုန်းကြီးပင့်ပြီး တရားနာကြမည် ဖြစ်တာကြောင့် အချိုပွဲ မြန်မာမုန့်တော့ ၀ယ်ဦးမှဆိုသည့် အသော့်စကာ‌းကြောင့် ဦးထွန်းခင်မှာ မနက်စောစောစီးစီး ရွှေကြည် ကျိုမည်ဆိုပြီး တစ်စခန်းထလာလေသည်။ ဒီလိုနဲ့ ကျိုဖို့ တာ၀န်ကျသည်က ကျွန်တော်မျိုး သာလျှင်။

"မင်းနှယ် အသက်ကလေးဖြင့် စာမဆိုလောက်သေးဘူး ဒါလောက်ကို ပင်ပန်းနေသလား ငါ့တို့တုန်းကဖြင့် ဒီအရွယ် ဖျတ်လတ် သွက်လက်နေတာပဲ ကဲ ပေးပေး "

စကားနာထိုးနေသည်ကို ချေပချင်သော်လည်း လူက အတော်လေးပြိုင်းနေတာကြောင့် အသာလေးသာ ငြိမ်နေလိုက်ရသည်။

"မျိုးမြတ်ရေ "

"မောင် ဒီမှာ "

သူလေးကတော့ လူရှေ့သူရှေ့ မျိုးမြတ်လို့ ခပ်စိမ်းစိမ်းခေါ်ရက်ပေမယ့် ကိုယ့်နှလုံးသားနုနုလေးက အထိမခံနိုင်အောင် နာကျင်ရပါတယ် ။ ကိုယ့်ကိုယ်ကို မောင်လို့ သုံးကာ ပြန်ဖြေလေတော့ မျက်စောင်းလေး ခပ်ရွယ်ရွယ် ။

"မိုးမလင်းသေးဘူး အကျီချွတ်နဲ့ ဒီမှာ ငှက်ပျောပင်လိုနေလို့ သွားခုတ်ပေးအုံး "

"အကျီချွတ်ဖြစ်တာ ချစ်သည်းကြောင့်လေ ချစ်သည်းလေးက မြန်မာမုန့်ဆိုတာနဲ့ ချစ်သည်းအဖေက ရွှေကြည်ပဲ ပြေးမြင်ပြီး မောင့်ကို နှိပ်စက်တော့တာ "

"အခုနားတဲ့ အနေနဲ့ ငှက်ပျောပင်လေး သွားခုတ်လိုက် "

အိမ်မှာ ရွာထဲက အမျိုးသမီးငယ်လေးတွေရော အကြီးတွေရော လာကူကြသည်။ ဒါကို သူက အလှပြချင်နေသည်လားမသိ အကျီချွတ်နဲ့ ။ ဒီလောက်အေးနေတာကို ရွှေကြည်ကျိုတာလောက်နဲ့တော့ ချွေးထွက်မည် မထင် ။ ခက်တယ် ဒင်းတစ်ယောက်နဲ့တော့။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now