အပိုင်း (၁၈)

8K 485 4
                                    

Unicode

ဆောင်းရာသီမနက်ခင်းရဲ့ နှင်းမြူမှုန်တွေကို ဖောက်ထွင်းကာ ထွက်လာသည့် နေအလင်းအရောင်မှာ ခရေပင်ကြီးက အကိုင်းအခက်များကို ကျော်လွန်၍ အိပ်ခန်းပြတင်းပေါက်ဆီတော့ မထိုးဖောက်နိုင်ပေ။
ထိုပြတင်းပေါက်ရှိရာ အခန်းထဲတွင်တော့ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ကတိုး၀င်ကာ ဆောင်းရဲ့ အအေးဓာတ်ကို အံတုနေသည့် အမျိုးသား နှစ်ဦး ။ ပြတင်းပေါက်အားလုံးကို ပိတ်ထားတာကြောင့်ရော အိမ်ပတ်လည်က အပင်တွေကြောင့်ပါ နေ့အလင်းရောင်ကို ကောင်းစွာမရသဖြင့် ထိုအခန်းထဲတွင်တော့ အလင်းဟာ မှုန်ပြပြ။

"အင်း..."

အပျင်းကြောဆန့်သံနှင့်အတူ ရင်ခွင်ထဲရှိ ကောင်ကလေးက လူးလွန့်လာချေပြီ ။ ဒါကို တစ်စုံတစ်ယောက်က သိသည့် အလား စောင်ထဲမှ လက်တစ်ဖက်ထုတ်ကာ ကျောပြင်အား ခပ်ဖွဖွ သပ်ပေးပြီး တင်ပါးကိုလည်း ခပ်ဖွဖွ ပုတ်ပေးနေသည်။ ပါးစပ်မှလည်း တ ကျွတ် ကျွတ်နှင့် ကလေးကို ချော့သကဲ့သို့ အသံဟာ အဆက်မပြတ် ။

"အေးတယ် မောင် "

ဆောင်းရာသီကို ကြိုက်ပေမယ့် ဒီလို အေးစက်နေတာကြီးကိုတော့ အသော်ဖြင့် သဘောမကျပေါင် ။ မနက်နိုးလာတိုင်း ခြေဖျားလက်ဖျားတွေ အေးနေတာကြီးက အဆင်မပြေ။စောင်တွေ အထပ်ထပ်ခြုံထားပေမယ့် အအေးဒဏ်ကိုတော့ဖြင့် အံမတုနိုင်။
ရင်ခွင်ထဲက ချစ်သည်းလေးက အေးသည်ဟုဆိုလာတာကြောင့် သူ့လက်ဖျားလေးတွေကို ခပ်ဖွဖွဆုပ်ကိုင်ပေးထားရပြီး ခြေဖျားလေးတွေကိုလည်း ကိုယ့်ခြေထောက်နှစ်ချောင်းကြားညှပ်ပေးထားရသည်။ အခု ‌‌အအေးကြောက်သည့် အသော့်ပုံစံက တစ်ကိုယ်လုံးသူ့ရင်ခွင်ထဲမျာ ပစ်၀င်နေသလို ။ ညညဆို နည်းနည်းလေး အေးလာတာနဲ့ ပိုင်လွန်းသော်တို့က နိုးလာတာပင် သူ့မှာ တစ်ကိုယ်လုံး စောင်တွေနဲ့ ထုပ်ပေးပြီး ရင်ခွင်ထဲ ထည့်ကာ အနွေးဓာတ်ပေး လက်ဖျားလေးတွေ ဆုပ်ပေးနဲ့ အိပ်ရေးတွေပျက်လှသည်။ ဒါကြောင့် မနက်ခင်းဆိုရင် အတော်လေးနောက်ကျမှ ထဖြစ်သည်။ ‌အအေးကြောက်သည့် လူကလည်း သူ့အတိုင်းပင်။

တီ တီ တီ .....

နှိုးစက်သံက အိပ်ခန်းထဲ ပျံလွင့်လျက် ။ ဒါဟာ မနက် ၇နာရီခွဲပြီဆိုတာ အချက်ပေးသည့်သဘော ။ တစ်နည်း အသော်တို့ရဲ့ တစ်နေ့တာလုပ်ငန်းစဖို့ မဖြစ်မနေထရမည့် အချိန်ပင်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Donde viven las historias. Descúbrelo ahora