အပိုင်း (၂၄)

7.8K 446 5
                                    

UNICODE

""ဒါက ဖရဲအတွက်အစ်ကို အလုံး ၅၀၀၀ထောင်ဖိုး
ဒါက ခရမ်းချဉ်ဖိုး အချိန် ၂၀၀၀ စာ "

အိမ်မှာတစ်ယောက်တည်းနေခဲ့ဖို့ မရဲတာကြောင့် စိုက်ထားသည့် ဖရဲရော ခရမ်းချဉ်ရော ပုံပြတ် ရောင်းခဲ့ရသည်။ မနည်းတာမှန်သော်လည်း ကိုယ့်ပစ္စည်း ကိုယ့်သဘောကျသာခူးရောင်းချင်သည်။ ဖရဲ ၄ခင်းစိုက်ကို အလုံး ၅၀၀၀ ထွက်နဲ့သာ ဖြတ်ချလိုက်သည်။ တစ်ပင်တစ်လုံး အတိအကျ ထွက်အုံး အပင် ၅၀၀၀ထောင်နဲ့ ၃ရာစိုက်က ကျိန်းသေ အလုံး ၅၃၀၀ နှင်းပေါက်တာဘာညာ ပယ်လုံး ဘာညာ ဖယ်ရင်တော့ ကိုယ့်ဘက်က နည်းနည်းတော့နာသည်။ သို့ပေသိ အခုဈေးက ပေါ်ဦးပေါ်ဖျားဈေးဆို‌တော့ အနည်းငယ်မြောက်သည်။အမြတ်လည်း ရနေပြီ ဖြစ်တာကြောင့် စိတ်ပိုင်းဖြတ်က ရောင်းလိုက်တော့မည်။ခရမ်းချဉ်လည်း ထိုနည်းတူစွာပင် ။ အားလုံး ပေါင်းလိုက်တော့ သိန်း ၁၉၀ လုပ်အားခနဲ့ ဆေးဖိုး ဖယ်ပြီးကို ၅၀လောက်တော့ကျန်သည်။ ကျန်သည့် ထိုင်၀မ် ဖရဲတစ်ခင်းနဲ့ အခု ဈေးဖြတ်လိုက်သည့် ဖရဲ ၄ခင်းကို အမှည့်ဖြုတ်ပြီးတာနဲ့ မြေပဲ ပြန်ချပြီးရသည့် ဆီက အမြတ်။ အိမ်ထောင်ဦးမှာ ဒီလို စီးပွားရေးလေးဖြစ်ထွန်းပြန်တော့လည်း စိတ်ချမ်းသာရသည်။

( အသော်လေးလို စီးပွားရေးအမြင်ရှိကြလား )

" မမ ငါ့အိမ်နောက်က အပင်လေးတွေ ရေသွားသွား လောင်းပေးထားပါအုံး "

"အေး နင့်အစ်ကို ကို သွားလောင်းခိုင်းလိုက်မယ် "

မမကို လှမ်းအော်ပြီးတာနဲ့ မောင်က ကားကို ငြိမ့်ခနဲ မောင်းထွက်လေသည်။ ဒါက ဒုတိယအကြိမ် မောင့်နောက်ကို လိုက်ခြင်း။ အရင်တစ်ခါကလို ၀မ်းနည်းစိတ်တော့ မဖြစ်မိပေမယ့် ရွာက ခွဲခွာရသည့် ခံစားချက်ကတော့ ရင်ထဲ တငွေ့ငွေ့ ။ကားမှန်ဘေး မျက်နှာမူကာကြည့်တော့ ဘေးက သစ်ပင်လေးတွေက တစ်ရိပ်ရိပ် ကျန်ခဲ့သည်။

"စိတ်မကောင်းဖြစ်နေတာလား ချစ်သည်း‌"

‌အသော့်လက်အပေါ်ကို ခပ်ဖွဖွ အုပ်မိုးလာသည့် ခပ်ညိုညို လက်ဖမိုးတစ်ခု။သစ်ပင်တွေဆီကနေ မောင့်ဆီ အကြည့်ပို့တော့ ခပ်ရေးရေးလေးပြုံးနေသည့် နှုတ်ခမ်းကို ဘေးတိုက်မြင်ရသည်။ မောင်ဟာ တကယ်ကို အရွယ်ရောက်လေပြီ။ ရုပ်ရည်က ငယ်ငယ်ကနဲ့ တစ်စက်မှမတူ ။ မပြောင်းမလဲ ကျန်ရှိနေတာကတော့ အသော့်အပေါ် အနစ်အနာခံတတ်သည့် စိတ်ကလေးပင်။ ပိုလာသည်က ‌ချစ်ခြင်းမေတ္တာတွေပေါ့ ။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now