အပိုင်း ( ၁၁ )

9.1K 554 8
                                    

Unicode

"ချစ်သည်း မောင်တို့ ဒီနားက ကုန်တိုက်ပဲ သွားကြမလား ရက်ကွက်ဈေးက အခုလောက်ဆို ရှိမှာ မဟုတ်တော့ဘူး "

"အင်းလေ မောင့်သဘောပဲ ကုန်တိုက်က ဈေးကြီးမှာရယ် ဈေးသိမ်းသွားတော့လည်း ကုန်တိုက်ကပဲ ၀ယ်တာပေါ့ "

"နောက်နေ့ကျရင် မောင်စောစောထပြီး ဈေးလိုက်ပို့ပေး‌မယ်နော် ချစ်သည်းလေး "

"အွန်း"

အသော်က တကယ့်ကို ကပ်စေးလေး။ ကပ်စေးဆိုတာထက် ပိုက်ဆံကို သူ့နေရာနဲ့သူ သုံးတတ်တာမျိုးပေါ့ ။ ကျွန်တော်ကတော့ လိုချင်ရင် ဝယ်လိုက်တာပဲ ရှေ့နောက် သိပ်ပြီး ကြည့်နေတာမျိုးမရှိ ။ အခုတော့ အဲ့အကျင့်ကို ပြင်ရတော့မည်ထင်။ စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဆိုသလို အခု သူရဲ့ ငွေကြေးစီးဆင်းရာ နေရာတွေကို အသော်ကလေးက ကန်သင်းတားပြီး ပိတ်တော့မည်ထင်သည်။

ကုန်တိုက်ရောက်သည်နှင့် အသော်တို့နှစ်ယောက် ဟင်းချက်စရာ အတန်းကိုသွားလိုက်ပြီး ဒီညနေစာအတွက် မောင်စားချင်သည့် ပုစွန် နဲ့ ငရုတ်ပွကို ရောကြော်ဖို့ အရင်၀ယ်လိုက်သည်။ ပြီးတော့ မုန်ညင်းဖြူကို ကြက်ဥနဲ့ ခေါက်ကြော်မည်။
အသော် ဟင်းချက်စရာ၀ယ်ပြီးတော့ မောင်က အထုပ်တွေယူကာ နောက်တစ်ဖက်ကလည်း ‌အသော့်လက်ကို ဆွဲလို့ ထွက်လာလိုက်သည်။

"ချစ်သည်း အ၀တ်အစားကြည့်အုံးမလား "

"အွန်း ကြည့်အုံးမယ် မောင် "

အသော်လည်း ရွာက အ၀တ်အစားသိပ်မပါလာတာကြောင့် တီရှပ် နှစ်ထည်လောက် ၀ယ်ဖို့ စိတ်ကူးလိုက်သည်။
စိတ်ကူးတာတော့ ကိုယ့်အတွက်ပါပဲ ။ ဒါပေမယ့် ရှပ်ကော်လံ လက်ရှည် အကွက်လှ‌တာတွေ တွေ့တော့ မောင့် အတွက်ပဲ ၀ယ်ပေးနေမိနေပြန်ရော ။

"ချစ်သည်းလေး အတွက် ၀ယ်အုံးလေ "

"အသော်က ဘယ်မှ သိပ်ထွက်တာ မဟုတ်ဘူး မောင်ကအလုပ်လုပ်နေရတာဆိုတော့ အကျီများများရှိမှ အဆင်ပြေမှာ "

မောင့်အတွက် အကျီသုံးထည်လောက်နဲ့ အသော့်အတွက် တီရှပ်နှစ်ထည်လောက် ၀ယ်ပြီးတော့ အချိန်က တော်တော်လေး နောက်ကျနေလေပြီ။ အိမ်ရောက်ရင် ဟင်းချက်ရအုံးမှာဆိုတော့ သိပ်ပြီး မပတ်တော့ဘဲ ကားဆီကိုသာ ပြန်လာခဲ့လိုက်သည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now