အပိုင်း (၁၉)

7.6K 499 6
                                    

Unicode

"ဒီလိုဖြင့် ဦး ကျွန်တော်ပြန်မယ် စပါးလေးကိုတော့ ဂရုစိုက်ကြိတ်ပေးပါဗျာ အရင်တစ်ခါက စကွဲထဲ ဆန်ဆေံတွေပါတာ တအားပဲ "

"အေးပါ ငါတူရာ ဦးလည်း မင်းအဖေလှမ်းပြောတယ်ဆို ပြင်ပြီးပြီ ဒီတစ်ခါတော့ ရှယ်ဖြစါစေရမယ် မောင်ရင်ရေ "

"ဟုတ်ကဲ့ အဲ့လိုဆို‌ပိုကောင်းတာပေါ့ဗျာ "

ဆန်စက်ပိုင်ရှင်က အိမ်ထဲထိ ခေါ်ပေမယ့်မလိုက်ဖြစ် ။ ဒါကြောင့် ဆိုင်ကယ်နှစ်စီးရပ်ပြီး မတ်တပ်သာ စကားပြောဖြစ်ပြီး စပါးကြိတ်ခကျန်တာနဲ့ သေချာလေး ကြိတ်ပေးဖို့ပြောရသည်။အရင်တစ်ခါက ဆန်နဲ့ စကွဲက သိပ်မကွာ ။ တော်သေးတယ် စကွဲကို ဈေးတင်ရောင်းလို့ ရလို့ ။မဟုတ်ရင် အရင်တစ်ခါက မြတ်ဖို့‌မပြောနဲ့ ရှုံးဖို့ရာလမ်း။

"ဖိုးသား ငါပြန်မယ် ဒီမှာ မင်းတို့နှစ်ယောက် နေခဲ့ "

"ကိုကြီးက ကြိတ်ပြီးတဲ့အထိ မစောင့်တော့ဘူးလား "

"မစောင့်တြောဘူး နောက်လည်း မင်းပဲ ဒါကိုလုပ်ရမှာ သေချာ နရေလည် (နားလည် )အောင် လုပ်ထားကြားလား "

"ဟုတ်ကဲ့ ဟုတ်ကဲ့ "

ဆန်ကြိတ်တာကို တစ်ခေါက်တစ်ခါသာ လိုက်နေရမယ်ဆိုရင် ဒါဖြင့်အလုပ်လုပ်ချိန်ရမှာမဟုတ် ။ ယုံကြည်ရတဲ့လူနဲ့ လွှဲမှသာ အဆင်ပြေမှာ ဖြစ်တာကြောင့် ဆန်စက်ကိုရော စိတ်ချရသည်လားဆိုတာ သူလိုက်ပြီး အကဲခတ်တာဖြစ်သည်။ အခုတော့ ဆန်စက်ပိုင်ရှင်ကလည်း အဖေ့နဲ့ရင်းနှီးသည်ဆိုတော့ ဖိုးသားနဲ့ လွှဲထားလို့ဖြစ်သည်။ ဒီလောက်ဆိုစိတ်ချရတာမို့ နောက်အခေါက်တွေဆို ဖိုးသား တစ်ယောက်တည်း လွှတ်ပေးလိုက်လည်း ရပြီ။

A/Nတစ်စုံတစ်ယောက်ကတော့ ကတောင် မကရသေးဘူး ပွဲက သိမ်းနေပြီဆိုသလိုပဲ ...

/////////////

"ဟော မောင်‌ပြန်လာပြီ "

အိမ်ရှေ့က ဆိုင်ကယ်သံကြားတာကြောင့် ဆန်အိတ်လာယူသည့်လူ ထင်တာကြောင့် အတင်းထွက်ကြည့်တော့မှ မောင် ...

"ဟုတ်ပါ့ဗျာ လာပါအုံး မောင့်ဆီကို "

ဆိုင်ကယ်ကို ခရေပင်အောက် ရပ်ထားပြီး အိမ်ပေါ်တက်တက်ချင်း အမောပြေလေးအသံကို အရင်ကြားရသည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now