"အမေ ဘာတဲ့လဲ အတင်အထားကိုရော သူတို့ဘက်က သဘောကျရဲ့လား "
အိမ်အ၀ရှိသေး ဆီးမေးသည့် သမီးဖြစ်သူကြောင့် ဒေါ်သင်းနွယ်လည်း အော်လိုက်သည်။
"မပြေဘူး မိဆွေရေ မပြေဘူး ဘယ့်နှယ့် မိဘမျက်နှာကို အရင်မကြည့်ဘဲ ပြောချင်ရာကို ပြောတော့တာပဲ သွား ရေတစ်ခွက် ခပ်ခဲ့စမ်း "
မိဆွေလည်း ခေါင်းလေးငုံ့လို့ သောက်ရေအိုးကရေကို တစ်ခွက် အပြည့်ခပ်ကာ ခုံမှာထိုင်နေသည့် အမေ့ကို သွားပေးလိုက်သည်။
"အမေ မျက်နှာလည်း မကောင်းပါ့မလား အဖေရော "
"အေး အဆင်မပြေဘူး သားရေ ငါတော့ ပိုင်လွန်းလေးကို သနားတော့တာပဲ နင့်အဖေကတော့ လမ်းရောက်မှ ဦးလွန်းတင်က ဖုန်းဆက်ပြီး ဈေးဆိုင်က ခဏစောင့်ပါဆိုလို့ ဈေးဆိုင်မယ် ကျန်ခဲ့တယ် "
"ဘယ်လို အဆင်မပြေတာလဲ အမေ "
"အေး အကုန်လုံး ပြောတာဆိုတာ အဆင်ချောနေပြီဟယ် ပိုင်လွန်းလေးကို လက်ခံလား လက်မခံဘူးလား မေးတဲ့ အချိန်ကျတော့ ကလေးက သူ့အဖေနဲ့ အဖေကြီး သဘောတူရင် သူလက်ထက်ပါ့မယ်လို့ပြောတာ
အဲ့အချိန်ကျတော့ ဟိုလူ့ဂွစာကဟယ် ထပြီး သဘောမတူဘူး မယူနဲ့တဲ့ ။ ပြီးတော့ ဟယ် ပိုင်လွန်းလေးကြောင့် ရွာထဲမယ် အရှက်ရတယ် ဘာညာပေါ့ အခု ယောက်ျားထပ်ယူရင် ရွာထဲ လမ်းလျောက်ရမှာတောင် ရှက်သတဲ့ ""အဲ့ကျတော့ အသော်က ဘာပြောလဲ အမေ "
"ဟဲ့ မျိုးမြတ်ရဲ့ ပိုင်လွန်းလေးက ဘာပြောရဲမှာတုန်း အဖေ ဘဘောမတူရင် မယူပါဘူးဆိုပြီး အိမ်ပေါ်ပြန်တက်သွားတော့တာပဲ အဲ နေဦးပြောသွားသေးတယ် တို့လင်မယားကိုလည်း တောင်းပန်ပါတယ်တဲ့ ပြီးတော့ မင်းကိုလည်း တောင်းပန်တယ်လို့ ပြောလိုက်ပါတဲ့ကွယ် ငါတော့လေ ကောင်လေးကို သနားတာပဲ သိတယ် သူ့ခမျာ မိဘ သဘောအတိုင်းနေရရှာတာ ဟင်း.."
ဦးထွန်းခင်က တကယ်ပဲ အသော့်ကြောင့် ရှက်ရတယ်တဲ့လား ။ အခုလည်း အသော်လေး ဘယ်လောက်တောင် အပြောခံနေရပြီလဲမသိ။ ဒီလိုတွေ ဖြစ်ရတာ သူ့အပြစ်လည်း မကင်းပေ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ သူကတော့ အသော့်ကို လက်မလျော့နိုင်။
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။