အပိုင်း ( ၁၇ )

8K 494 1
                                    

Unicode

"ဒေါ်လေးစိန်ရေ ဒေါ်လေးစိန် "

"အေး ပိုင်လွန်းပါလား ဘာယူဖို့လဲ "

"ကြက်ဥ၀ယ်မလို့ "

"အေးလာပြီ "

မနေ့ကမှ အိမ်အသစ်ပြောင်းတာကြောင့် ဒီမနက် မောင့်ထမင်းချိုင့်အတွက် ဘာဟင်းမှမရှိ ။ မယ်မယ်ရရ၀ယ်ထားတာလည်း မရှိတာကြောင့် အနီးအနား ဈေးဆိုင်သာ အားကိုးရသည်။

"ဘယ်နှလုံးလဲ "

"၅လုံးလောက် "

"‌အေး ဒါနဲ့ ဒီနားက အိမ်ကို ပြောင်းလာပြီလား "

"ဟုတ်တယ် ဒေါ်လေး မနေ့ကပဲ "

အသော့် ကြက်ဥထုပ်ကို လှမ်းယူရင်းကပြောလိုက်သည်။

"အော် အေးပါ နင်တို့မဂ်လာဆောင်နေ့က အိမ်က ငလင်းတို့ ရစ်သွားသေးတယ်ဆို "

"အင်းဟုတ်တယ် ဒေါ်လေး "

"အေးဟယ် ငါကပဲကြားတောင်းပန်ပါတယ် အခုသူလည်း ဒီမှာ မရှိဘူး မျိုးမြတ်ကို အားနာတယ်ဆိုပြီး ဖရဲခင်းသွားစောင့်နေလေရဲ့ "

"ရပါတယ် ‌ဒေါ်လေးရယ် သွားအုံးမယ်နော် "

"အေးအေး "

လင်းလင်းတို့ဆိုတာ အသော်နဲ့ ငယ်ငယ်ကတည်းက ကျောင်းနေဖက် သူငယ်ချင်း ။ မောင်နဲ့တော့ ပိုရင်းနှီးတာပေါ့ ။ မောင့်ကို သိပ်ခင်သည့် သူတို့က မောင့်ကို သူလိုလူနဲ့ အိမ်ထောင်ကျသွားတာမြင်တော့ စိတ်ဆိုးကြသည်ထင်သည်။ အခုအချိန်အထိ အသော့်လိုလူမျိုးကိုဆို မကောင်းမြင်ကြသည့် အတွေးတွေက ရွာမှာ ရှိနေသေးသည်။ အထင်သေးကြသည်ပေါ့ ။ လင်းလင်းတို့ဆိုသည်ကလည်း ထိုကဲ့သို့သော ဦးနှောက်ဆေးမှုတွေကြားထဲ အရွယ်ရောက်လာကြသည့် လူငယ်တစ်စုမျှသာ ။ အခုလို အမေဖြစ်သူကပါ တောင်းပန်လာပြီဆိုတောလည်း အသော့်တို့က ရင်ဘတ်ထဲက အနာကို လျစ်လျှူရှူ့ ခွင့်လွှတ်ရုံအပြင် ဘာတတ်နိုင်မှာလဲ ။ လူတွေက ပြောချင်တာ ပြောပြီး တောင်း ပန်ပါတယ် တစ်ခွန်းနဲ့ ချွေးသိပ်ကြသည်။ ပြီးရင်လည်း ပါးစပ်အရသာခံပြီး ပြန်ပြောတော့တာပဲ ။ဒီရက်ပိုင်း ရွာထဲက စကားဝိုင်းများရဲ့ ခေါင်းကြီးသတင်းက မောင့်ကို အသော့်က ဘယ်လိုများ ဆွဲဆောင်လိုက်သလဲ ဆိုတာနဲ့ ဒီအိမ်ထောင်ရေး မမြဲပါဘူးဟုသာ ‌ရှေ့ဖြစ်ဟောနေကြသည်။ ဒါတွေကို မသိတာမဟုတ် သိသည်။ ပတ်၀န်းကျင်ကို ဂရုမစိုက်တတ်တာကြောင့် အသော့်စိတ်ထဲတော့ ဘယ်လိုမှမနေ။ ဆွဲချ‌တဲ့နေရာမှာ တော်သည်က ပတ်၀န်းကျင်မဟုတ်လား ။ အပြစ်မရှိ အပြစ်ရှာ ပြောတတ်သည်ကလည်း ပတ်၀န်းကျင်ပင်။ ဒါတွေသာလိုက်ခံစားနေရင် လူ့ဘ၀ကြီးမှာ အသက်ရှင်ချင်ဖွယ်တောင် မရှိ။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now