အပိုင်း (၂၅)

7.7K 418 7
                                    

Unicode

"ကလေးတွေကို ကျွန်တော်နဲ့ အသော်ကပဲ ‌စောင့်ရှောက်ချင်ပါတယ် "

ဒါဟာ လူကြီးတွေရဲ့ အပြိုင်အဆိုင်စကားဝိုင်းထဲ ထွက်လာသည့် မျိုးမြတ်မဟာ အသံ။ ကိုမင်းဆွေတို့မိသားစုကလည်း အဖေ အမေ ပဲ ရှိတာမို့ ကလေးတွေ အတွက် အဆင်မပြေ ဒါပေမယ့် သူတို့ကလည်း စောင့်ရှောက်ချင်သည်။ ဒီဘက်ကလည်း သမီးသွေးသားမို့ စောင့်ရှောက်ချင်သည် ဆိုပြီး ကလေးတွေကို လုနေကြတာ။ တစ်ယောက်တည်းဆိုလည်း ဂရုစိုက်ဖို့ အဆင်ပြေသည်။ အခုက နှစ်ယောက် ဘယ်လိုပဲ မပင်ပန်းဘူးဆိုဆို သည်းခံနိုင် တစ်လပေါ့ ။ ပြီးတော့ အသက်တွေက ‌ထောက်နေပြီ။ ကိုမင်းဆွေ ကျပြန်တော့လည်း မိန်းမနားမှာက မခွာတာကြောင့် သူ့ကို ထည့်တွက်လို့ မရ ။ ဒီတော့ ကလေးတွေဆီက မျက်စိမခွာသည့် ဘေးက ကောင်လေးကြောင့် ကိုယ်တွေကပဲ စောင့်ရှောက်ဖို့သာ အကြောင်းဖန်လာသည်။

"ဟို အသော်တို့ကပဲ စောင့်ရှောက်ပေးချင်ပါတယ် ဦးလေးတို့ အဆင်ပြေရင်လေ ..."

"အေး ဦးတို့ကသာ ကလေးတွေ စောင့်ရှောက်မယ်ပြောတာ တကယ်စဉ်းစားကြည့်တော့လည်း ကလေးနှစ်ယောက်ဆိုတော့ လွယ်မှာ မဟုတ်ဘူးကွ "

"ဟုတ် အဲ့တာဆို အသော်တို့ကို ခွင့်ပြုပေးတယ် ပေါ့နော် "

မျှော်တလင့်လင့် မျက်လုံးလေးတွေနဲ့ မေးနေသည့် အသော်က တကယ့်ကို မျှော်လင့်နေသည့် ဟန်။

"အေး ဦးတို့ကတော့ သဘောတူပါတယ် ဒါပေမယ့် ဦးတို့ကတော့ လိုအပ်တာတွေ ဖြည့်ဆည်းပေးပါ့မယ်ကွာ "

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဦး ကျေးဇူးတင်ပါတယ် "

ယောက္ခထီးကြီးကတော့ မျက်နှာက ခပ်ပြုံးပြုံး ။ သူ့ဘက်ပါအောင် အစကတည်း ခေါ်နေတာ အခုလည်း မျိုးမြတ်တို့ဆီ ပါလာတော့ သူ့မှာ ပြုံးစိစိမျက်နှာကြီးကို မဖုံးနိုင် မဖိနိုင်။

"ဒါဖြင့် ရုံးမှာ အစည်းအဝေးလေးရှိသေးလို့ ဦးတို့ကို ခွင့်ပြုအုံးကွာ ကိုထွန်းခင် ကျွန်တော်တို့ပြန်မယ် "

"မရှင်ဆောင်း ကျွန်မ ပြန်မယ်နော် "

အသီးသီး နှုတ်ဆက်ကာ ထွက်သွားတော့ ထမင်းစားချိန်ပင်ရောက်နေလေပြီ။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now