special part ( not Myo Myat & AThaw)

5.4K 299 23
                                    

Unicode

"ပါးပါး မမချောကပြောတယ် မြတ်ပန် မေမေက အန်တီ ဟန်နီတဲ့ အဲ့တာ ဟုတ်လားဟင် "

ကုတင်ပေါ်မှာ သူ့အရုပ်တွေနဲ့ ဆော့နေတဲ့ သမီးက ကြမ်းပြင်မှာ သူ့အဖေအ၀တ်အစားတွေကို မီးပူတိုက်နေသည့်ကျွန်တော့်ကို မေး‌လာသည်။ အလန့်တကြားမော့ကြည့်တော့ ကလေးက သိချင်သည့် မျက်လုံးလေးတွေက တလက်လက်။

ဪ တကယ်ပဲ ငါ့ဘ၀ထဲက အရာတွေကို ထုတ်ယူသွားဖို့ ရည်ရွယ်ထားတာလား ဟန်နီရယ် ။ ပထမ မောင့်မိဘတွေ ပြီးတော့ မောင် အခု ထပ်ပြီးတော့ သမီးလေး အထိပါ ... ဟင့်အင်း မဖြစ်ရဘူး သမီးလေးကိုပါ ထပ်ပြီးပေးရရင် သူရူးသွားရလိမ့်မယ် ။

"ဟင် ပါးပါး မြတ်ပန်မေးတာလည်း ပြန်‌မဖြေဘူး "

"မြတ်ပန်လေးကို ပါးပါးက ကိုယ်တိုင်မွေးထားတာလေ ဘယ်လိုလုပ် အန်တီ ဟန်နီက သမီးမေမေ ဖြစ်မှာလဲ "

မီးပူတိုက်လက်စ အ၀တ်တွေကို ခဏထား ကုတင်ပေါ်က လေးနှစ်သမီးလေးကို ပေါင်‌ပေါ်ဆွဲတင်ကာ ပါးလေးကိုခပ်ဖွဖွ နမ်းရင်းပြောလေတော့

"မြတ်ပန်က အဲ့လိုပြန်ပြောတာကို သူတို့က ပါးပါးက ကောင်လေးမို့ ကလေးမွေးလို့မရဘူးတဲ့ အီးဟီး ပြီးတော့လေ သူများတွေလို ကျောင်းတက်ရင် မေမေနဲ့ ဖေဖေက လိုက်ပို့တာလိုချင်တာ ဟီးး"

လေးနှစ်အရွယ်ကလေးက အရာရာကို သင်ယူနေတဲ့ အချိန်မို့ ဒီလိုစကားတွေက ကလေးရဲ့ နုနုနယ်နယ်စိတ်ကလေးကို ဒဏ်ရာတွေ ဖြစ်စေသည်။

"ကဲ ပါးပါးကိုကြည့် မြတ်ပန်လေး သမီးလေးက ပါးပါးကို မလိုချင်ဘူးလားဟင် "

မျက်လုံးချင်းဆုံကာ မေးလေတော့ သူ့လက်သေးသေးလေးတွေနဲ့ ကျွန်တော့် ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ

"မြတ်ပန်လေးက ပါးပါးကိုလည်း လိုချင်တယ် ဒါပေမယ့် မေမေလည်း လိုချင်တယ် ပါးပါး "

"အဲ့လို လုပ်လို့မရဘူးလေ သမီးရဲ့ သမီးက မေမေလိုချင်ရင် ပါးပါးက ရှိနေလို့မရဘူးလေ သမီးလေး ကိတ် နဲ့ ပူတင်းရွေးသလိုပေါ့ သမီးလေးပိုကြိုက်တဲ့ဟာကို ယူပြီး မလိုချင်တာကို ထားခဲ့ရမှာလေ "

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now