အပိုင်း (၂၇)

6.3K 398 1
                                    

Unicode

"မင်းကိုယ် မင်း လွန်တယ် မထင်ဘူးလား ဟင် "

"ခဏလေးပါ ချစ်သည်းရဲ့ "

"သွားတာကသွား မသွားနဲ့ မပြောဘူး ‌သွား‌လေ ဒါပေမယ့် အချိန်‌ေလးတော့ သိမှပေါ့ "

"မောင် ခဏလေး ခဏလေးနဲ့ အခုလောက်ကြာသွားတာပါ "

"အေး ခဏလေး ခဏလေးနဲ့ အခု မိုးချုပ်နေပြီ ကလေးတွေလည်း သွားမခေါ်ရသေးဘူး "

"မောင်သွားခေါ်လိုက်မယ်လေ "

"တော် တိတ် တစ်ယောက်တည်း သွားခေါ်လို့ရမလား ငါလည်း လိုက်မယ် သွားထုတ်ချေ ဆိုင်ကယ် "

တကတည်း မပြောလိုက်ချင်ဘူး ။နေ့လည်က ခဏလေးဆိုပြီး ဖဲဝိုင်းကို သွားတာ အခု နေတောင်၀င်တော့မယ် ။ ဒါကို ခဏလေးလား ။ ဒါတောင် မီး‌ထွန်းပေးမယ့်လူ မရှိလို့ ရှိရင် ညလုံးပေါက် ရိုက်မယ့်သဘောမှာရှိတယ် ။
ဒီကလူမှာတော့ ကလေးတွေအိပ်နေတုန်း ထမင်းနဲ့ဟင်းကို အပြေးအလွှားချက် ။ ပြီးရင် နောက်ဖေးက အပင်တွေကို ရေလောင်း ကလေးတွေ‌နိုးလာတော့ တစ်ခါထိန်း ။ အမွှာနှစ်ယောက် ကကောက်‌ေတာ့ အော်ငိုချင်စိတ်တောင်ပေါက်တယ် ။ ဒါတွေ ဒင်းက မသိဘူး ။ ဖဲဝိုင်းသွားဖို့လောက်ပဲ သိတယ် ။ ညနေစောင်းမှ မိဆွေ လာခေါ်သွားတာမို့ ဒင်းရှိတဲ့ ဖဲဝိုင်းကို လိုက်ခေါ်တော့ အမယ်လေး ဒိုင်ကိုင်ပြီး ကိုးပေါက်ဟ ရှစ်ပေါက်ဟနဲ့ သူ့အသံ အကျယ်ဆုံး ။ အိမ်ပြန်ရောက်တော့ ဆူပြန်တော့လည်း မျက်နှာငယ်နဲ့ တကယ်ပဲ ကလေးသာဆိုရင် တင်ပါးကိုသာ ဝါးစိမ်းတုတ်နဲ့ ရိုက်ပစ်လိုက်ချင်တော့တယ်။

"ဟော သားတို့လာလာ "

ဆိုင်ကယ်ပေါ်က ဆင်းတယ်ဆို ‌တစ်ချက်တောင်လှည့်မကြည့်ဘဲ အိမ်ထဲ စောင့်အောင့် ၀င်သွားသည့် အသော် ။ ဆိုင်ကယ်ပေါ်မှာလည်း နှုတ်ခမ်းကိုဆူထားတာ သူ့တောင်လာထိုးမှာကြောက်ရသေး။ ကိုယ်ကလည်း ဒီနေ့မှ ဝိုင်းကအတော်လေးကောင်းတာကြောင့် အိမ်ပြန်ဖို့တောင် မေ့‌လို့။ သူလေးလာတာမြင်မှ အိမ်ပြန်ချိန်ကျော်ပါကောလားဆိုပြီး အိမ်အမှတ်ရတာ ။ ကိုယ်ကလည်း ကိုယ်ပါပဲ။

"ဒီဒီက ‌မနေဘူး ကိုလေးရေ ပြန်မယ်ပဲ ပြောနေတာ ငယ်လေးကတော့ အဖေနဲ့ အိမ်လည်လျောက်သွားနေတာ အခုမှ ပြန်ဆိုက်တယ် "

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ