"ဒီနက်ဖြန်ည ဟိုတယ်မှာ staff partyလုပ်ဖို့ရှိတယ် နိုင် လိုက်ခဲ့ဖို့ မောင်တောင်းဆိုတယ် "
အခန်းထောင့်ရှိ အလုပ်လုပ်ရာ စားပွဲတွင် ခါးကိုမတ်မတ်ထိုင်ကာ လေးထောင့်ပုံစံ မျက်မှန်ထပ်ထားသည့် မျက်လုံးတွေက ကွန်ပျူတာ မျက်နှာပြင်က မရွေ့ဘဲ ဆိုသည်။ လက်ချောင်းရှည်ရှည်တွေသည်လည်း ကီးဘုတ်ပေါ် အရိုက်မပျက်။
"ဘယ်အချိန်လဲ ကလေးတွေကိုရော ခေါ်မှာလား "
ကုတင်ခေါင်းရင်းကို ကျောမှီကာ စာအုပ်ဖတ်နေသည့် နိုင်မှ အမေးပြန်သည်။
အခုဆို သူတို့နှစ်ယောက် ပြန်ပေါင်းထုပ်တာ ဒီနေ့ တစ်လပြည့်ပြီ။ဒီကြားထဲ အများကြီး ပြန်ညှိယူခဲ့ရပေမယ့် ဆက်ဆံရေးကတော့ ပုံမှန်ထက်မပိုပေ။"ည ၇ နာရီလောက် စမှာပေါ့ သမီးတို့ကို မခေါ်နဲ့တော့
သောက်ကြစားကြမှာဆိုတော့ အဆင်မပြေဘူး ""အင်း "
ဟိုးတုန်းကဆို ဘာပွဲရှိရှိ သူ့ကို ခေါ်ဖို့မပြောနှင့် အသိပေးဖို့တောင် သတိမရသည့်လူက အခုကျမှ ဘာပဲဖြစ်ဖြစ် အသိပေးလို့ အတူတွဲပြီးလည်း ပွဲတက်သည်။သူ(နိုင်) မလိုက်ချင်သည့် အခါမျိုးမှသာ တစ်ယောက်တည်းသွားတတ်သည်။ သူ (နိုင် ) သိခဲ့သည့် လင်းထက်မြက်ဆိုတာ
ဘားသွား ကလပ်တက်ပြီး ငွေကို စိတ်ကြိုက်ဖြုန်းခဲ့သည့် ကောင်လေး ဒါ့အပြင် စိတ်ရှိရာ ထင်တိုင်းကြဲခဲ့သည့်အပြင် တဇွတ်ထိုးလည်းဆန်သေးသည်။
အခုများကျ လူပြောင်းထားသလား ထင်ရသည်အထိပင်။
အချိန်က လူကို ပြောင်းလဲစေသည်ဆိုတာ အမှန်ပဲ။ ကွာဝေးသွားခဲ့သည့် ၁၀ နှစ်ကျော်( အိမ်ထောင်သက်+ ကွဲနေသည့်ကာလ )အချိန်က ဒီလောက် ပြောင်းလဲသွားခဲ့သည်တဲ့လား ။ ဒါမှမဟုတ် သူကပဲ ဒီလိုပုံစံကို မရင်းနှီးခဲ့တာလားတော့ မသိပေ။"တစ်ခုခု လုပ်ပေးရမလား
အိပ်တော့မလို့ ""နေပါစေတော့ ခဏဆို မောင် လည်းပြီးပြီ "
အရင်အခြေအနေမဟုတ်တော့ပေမယ့် သူ့ကိုယ်သူ မောင် ဟူသည့် နာမ်စားကိုသာ သွင်သွင်သုံးသည်။
"အင်း "
စာအုပ်ကိုပိတ် အိပ်ရာပေါ်က ထကာ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်း၀င်လိုက်သည်။သူ့ဘေးဘက်က မီးအိမ်ကို ပိတ်လိုက်ပြီး အိပ်ရာ၀င်လိုက်သည်။
အိပ်ပျော်လုလုမှာပဲ နဖူးမှာ ခပ်နွေးနွေး ခံစားမှုကိုရလိုက်သည်။ပြီးတာနဲ့ တန်းပြီး အိပ်ပျော်သွားတော့တာပင်။
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။