အပိုင်း ( ၃ )

12K 739 8
                                    

UNICODE

"မောင်တို့ ဘုရားကြီး အရင်သွားကြမလား အသော် "

"အင်း ကောင်းသားပဲ မောင် "

ကားကို ကွေ့ကာ ရွာလမ်းမကြီး အတိုင်း မောင်းထွက်လာပြီး ကားလမ်းမပေါ်သို့ ...

ကျွန်တော် ပြန်လာတော့ အသော်က အံ့ဩမယ် ထင်တာ တအားကြီးလည်း အံ့ဩပုံမပေါ်။ ဒါပေမယ့် ကားပေါ် စတက်ကတည်းက ကျွန်တော့်ကို ငေးနေသည့် မျက်လုံးကလေးတွေက ကလေးတွေလို သဘောကျသည့် အရာကို ကြည့်နေသလို မျက်စိမလွှဲ ။
အသော်လေးက အရင်အတိုင်းပဲ ။ အသားလေးတွေ ဖြူစွတ်နေတာရော ဆံပင်လေးကရော ကုန်ကုန်ပြောရရင် ခန္ဓာကိုယ်လေးကလည်း အရင်အတိုင်း သွယ်လျလျလေး ။ ၀တ်ထားသည့် တီရှပ်နဲ့ လုံချည်က အသော်လေးနဲ့မှ ပိုပြီး ကြည့်ကောင်းနေသလိုပင် ။အကုန်လုံးကို ခြုံကြည့်ရင် အသော်က‌ တကယ်ကို လှပါသည်။

ဘုရားကြီးကိုရောက်တော့ ကားကို ဘုရားရှေ့မှာ ရပ်ခဲ့ပြီး အသော့်လက်ကို ဆွဲလို့ ဘုရားပရဝုဏ်ထဲသို့ ၀င်လာလိုက်သည်။ ညနေနည်းနည်းစောင်းနေပြီ ဖြစ်တာကြောင့် ဘုရားထဲမှာ လူတော့ အတော်လေး စည်နေသည်။ သူတို့ လက်တွဲထားတော့ တစ်ချို့ကတော့ ကွက်ကြည့် ကွက်ကြည့်ပေါ့ ။ ဒါပေမယ့် သူတို့ အရေးမထားပါဘူး ။ ပတ်၀န်းကျင်ဆိုတာ အပြစ်ပဲ လိုက်မြင်နေတာမဟုတ်လား ။ အကောင်းပြောဖို့ကျ ၀န်လေးပြီး အပြစ်ဆိုရင် အပိုဆောင်းပြီး ပြောတတ်တာ ပတ်၀န်းကျင်ပဲ မဟုတ်လား ။

" အလှူရှင် နာမည်"

"မောင်မျိုးမြတ်မဟာ နဲ့ မောင်ပိုင်လွန်းသော် "

"မောင် မျိုး မြတ် မဟာ နဲ့ မောင် ပိုင် လွန်း သော် နော် "

"ဟုတ်ကဲ့ ဗျ "

အလှူခံဌာန ရောက်သည့် အထိ မောင်က သူ့လက်ကို မလွှတ် ။ဘုရားရှိခိုးနေတုန်း ခဏသာ လွှတ်ပေးပြီး ပြန်ပြီး ဆုပ်ကိုင်ထားပြန်သည်။

"ဟို ဦးလေး အနှုတ် နဲ့ မရေးပါနဲ့ ဗျ အပေါင်းလေးလုပ်ပေးပါ "

အယ် မောင်က အဲ့လိုပြောတော့ ရေးနေသည့် ဦးလေးကြီးက အနှုတ်ကို အပေါင်းပြောင်းပေးရပြန်သည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now