အပိုင်း ( ၂၈)

7.1K 413 1
                                    

Unicode

"ကလေးလေး သားမမ သတိရလာပြီ "

"အာ ဟုတ် မေမေ ကလေးတွေ နိုးတော့ သားတို့လာခဲ့မယ် "

"ဒါဖြင့် အမေ ဟိုအခန်းထဲပြန်အုံးမယ်နော် "

အမေဟာ သူ့ဘေးခုံက ထကာ တက်ကြွသောခြေလှမ်း ပြုံးရွှင်သောမျက်နှာဖြင့် လူနာခန်းဆီသို့ ဦးတည်သွားလေသည်။

"အေး ကျွတ် ကျွတ် !"

အသော့် ပေါင်ပေါ် အိပ်နေသည့် ဒီဒီလေးက လူးလွန့်လာတာကြောင့် တင်ပါးလေးကို ခပ်ဖွဖွ ပုတ်ကာ ရင်ခွင်ထဲ ပိုပြီး ထွေးတော့ ပြန်အိပ်သွားလေသည်။ မောင်တို့ သားအဖကတော့ ဟိုဘက်ထဲမယ် လမ်းလျောက်လို့ ။

အသော့်ဘေးခုံမယ် လာထိုင်သည့် အန်တီကြီးတစ်ယောက်က အသော့်နဲ့ ဒီဒီ့ကိုသာ မျက်တောင်မခတ် ကြည့်လျက် ။ အနေခက်သည့် အသော်ကပဲ ပြုံးပြတော့ တစ်ဖက်ကလည်း စကားစပြောဖို့ လမ်းကြောင်းရသည့် နှယ် ။

"မီးမီးလေးက ချစ်စရာလေးတော့ ဒါနဲ့ သားတို့က ဘယ်ကတုန်း "

"ကျွန်တော်တို့က ခရမ်းဘက်က အဒေါ် "

"အေးကွယ် အဒေါ်တို့ကတော့ ဒီရန်ကုန်ကပဲ သမီးလေး မီးဖွားလို့လေ "

"အော် ဟုတ် အခုရော မီးဖွားပြီးပြီလား "

"အေးကွယ် မနေ့ကပဲ ဖွားပြီးတယ် ယောက်ျားလေးတဲ့ အဒေါ်ဖြင့် မြေးမလေး လိုချင်တာ "

"ယောက်ျားလေးလဲ ချစ်ဖို့ကောင်းပါတယ် အဒေါ်ရဲ့ "

"အေးကွယ် ရမှ မရတော့လည်း ရတာပဲ ချစ်ရတာပေါ့ "

အဒေါ်ကြီးက သူတို့ အကြောင်းတွေကို အသော့်အားပြောပြလိုက် အသော်က ရွာကအကြောင်းတွေ ပြောလိုက်နဲ့ အတော်လေး လေပေးတည့်နေသည်။

"အသော်လေး ဒီဒီက မနိုးသေးဘူးလား "

"မနိုးသေးဘူး မောင် "

အသော့်တို့ စကားတွေကြောင့် ဘေးက အဒေါ်က စူးစမ်းသည့် မျက်လုံးနဲ့ ကြည့်နေ၍

"‌အဒေါ် ဒါ ကျွန်တော့် အမျိုးသားလေ "

"အေး တွေ့ရတာ ၀မ်းသာပါတယ်ကွယ် ဒါနဲ့ မင်းတို့က နယ်မှာ နေတာဆိုတော့ ပတ်၀န်းကျင်က အဆင်ပြေရဲ့လား "

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now