special epi 3( not Myo Myat & Athaw)

4.9K 191 24
                                    

"သားသားလာတယ် "

မီးဖိုချောင် အပေါက်ကလေးကနေ ကိုယ်တစ်ပိုင်းထွက်ကာ ခပ်ပြုံးပြုံးကလေးမျက်နှာကလေးကချစ်စရာ။
အနီရောင် စပို့ရှပ်ကလေးကို ၀တ်ထားတာမို့ အသားဖြူဖြူကလေးတွေနှင့် လိုက်ဖက်လို့။ သမီးအတွက် ပူတင်းလုပ်ပေးနေရာက အသံသေးသေးလေးကြားကတည်းကသားသား ဆိုတာ သိလိုက်ပြီ။
အပေါက်၀က သူ့ကိုယ်လုံးတုတ်တုတ်ကလေးကို မ ချီ‌လိုက်တော့ တခစ်ခစ်အသံ‌တွေထွက်လာသည့်အပြင် လည်တိုင်ကို လက်နဲ့ သိုင်းပြီး ကျွန်တော့်ပါးကို တဖွဖွနမ်းနေသေးသည်။

ကားလမ်းမပေါ် မေးတင်ဆောက်လုပ်ထားသည့် အိမ်နဲ့ ခြံကြောင့် ထိုကလေးသွားတတ်လာတတ်သည့် အရွယ်ကစလို့ ကလေးတွေ၏ အဖေဖြစ်သူက သူတို့ခြံဘက်မှ ဒီဘက်ခြံသို့ ကူးသန်းရအဆင်ပြေအောင် အပေါက်ဖောက်ထားပေးသည်။ ထို့ကြောင့် ဒီအကောင်ပေါက်ကလေးဟာ မနက်မိုးလင်းသည်နှင့် ဒီဘက်ခြံကို ရောက်ရောက်လာတတ်တာပင်။

သူ့အစ်မကို နှိုးမည်ဆိုကာ အခန်းထဲသို့ လှုပ်စိလှုပ်စိနဲ့ ပြေး၀င်သွားလေသည်။မိနစ်၀က်မျှကြာလျှင်တော့ မောင်နှမ နှစ်ယောက်၏ အသံတွေကို ကြားရပါလိမ့်မည်။

"သား ဒီဘက်ကူးလာသေးလား နိုင် "

"သမီးအခန်းထဲမှာ ကိုလင်းထက် "

ထိုအမျိုးသားက ဘာမှ ဆက်မပြောဘဲ ဧည့်ခန်းက ထိုင်ခုံပေါ်ထိုင်ကာ ဘေးစာအုပ်စင်မှာ စာအုပ်တစ်အုပ်ကို ယူကာ ခြေနှစ်ချောင်းချိတ်ကာ သူ့အိမ် သူ့ယာလို စာဖတ်နေလေသည်။
မီးဖို‌ထဲမှာ ပေါင်းထားသည့် ပူတင်းက ရပြီမို့ ပန်းကန်ပြားလှလှလေးထဲ မှောက်ထည့်လိုက်သည်။ သားသားလည်း ရောက်လာတာမို့ ကလေးအတွက် ကြက်ဥကို ပြုတ်လိုက်ပြီး ထမင်းဖြူပူပူတွေကို ခူးကာ အအေးခံထားလိုက်သည်။ ထို့နောက် အသင့်ဖျော်ကော်ဖီတစ်ခွက်နဲ့ ကြိုပြီးသား နွားနို့တစ်ခွက် ခုံပေါ် တင်လိုက်သည့်အခါ မနက်စာအတွက်တာ၀န်ကပြီးသွားလေပြီ။

မလုပ်မဖြစ်ကျန်သည့်တာ၀န်မှာတော့ အိပ်ရာထဲက ကလေးနှစ်ယောက်ကို အပြင်ထုတ်ရအုံးမည်။ ဒါ့အပြင် သူတို့ ဝေယျာ၀စ္စအကုန်လုပ်ပေးရအုံးမည်။ ယောက်ျားတစ်ယောက်မို့ အစပိုင်းအသားမကျပေမယ့် ကြာလာတော့လည်း နေသားကျလာသည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now