အပိုင်း ( ၇ )

9.7K 610 6
                                    

Unicode

"ဟော မောင်စံလင်းတို့ လင်မယားပါလား လာ လာ "

"ဟုတ်ကဲ့ ဦး ဘယ်တုန်းက ပြန်ရောက်လဲ "

ဦးစံလင်းတို့က အိမ်ရှေ့က တန်လျားမှာ ၀င်ထိုင်ရင်းမေးသည်။

"အေး ဒီနေ့ပဲကွ သမီးရေ လက်ဖက်ကလေး သုပ်ပါအုံး "

ဦးလွန်းတင်က ရေနွေးခွက်ထဲ ရေနွေးကို ငှဲ့ပေးရင်က ဒေါ်ရှင်ဆောင်းကို လှမ်းပြောသည်။

"နေပါစေ ဦးရယ် ကျွန်မတို့က ခဏပဲ မရှင်ဆောင်း အလကား လုပ်မနေနဲ့ "

"ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ သင်းနွယ်‌ရယ် "

ဒေါ်ရှင်ဆောင်းက အိမ်ရှေ့ထွက်လာပြီး ဒေါ်သင်းနွယ်ကို ခေါ်ကာ အိမ်ထဲ လက်ဖက်သုပ်ရန် ခေါ်သွားသည်။

" ဒီနှစ် စပါးထွက် အခြေအနေ ဘယ်လိုလဲကွ "

"စပါးကတော့ ဒီနှစ် မစွံဘူး ဦးရေ .. ကျွန်တော်က သက်ကြီးမျိုးတွေဆိုတော့ နှံကောင်တွေ စုပ်တော့ အဖျင်းကြီးပါပဲ ဗျာ "

"အေးကွ ငါတို့လယ် လည်း ဘယ်လို ရှိသလဲ မသိပါဘူးကွာ ။ ဟိုကောင် ပြောတာတော့ သက်နုကတော့ အဆင်ပြေတယ်ဆိုပေမယ့် သက်ကြီးကတော့ မင်းပြောသလိုပေါ့ကွာ "

"ဟုတ်တယ်ဗျာ နို့ရည်ခဲတဲ့ အချိန် ၀င်စုပ်သွားတော့ ဘယ်ခံနိုင်မလဲဗျာ အခု ၁၀ ဧက ရိတ်တာတောင် ၅၀၀ မရဘူး ဦးရေ ခါတိုင်း ၈၀၀ ၉၀၀ ရတဲ့ လယ်တွေ "

"အေး မင်းက တစ် ဧက ၅၀နီးနီးလောက်ဆိုတော့ တော်တာပေါ့ကွ ဟိုအပိုင်းက ကိုကျော်သန်းဆို ၁ဧကခွဲကို တင်း ၂၅တဲ့ "
ဦးထွန်းခင်ကလည်း စကားဝိုင်းထဲ ၀င်လာသည်။

"ဟား ဟား ဟုတ်ပါ့ကွာ ဒီနှစ် ဘယ်လိုတွေ ဖြစ်မှန်းကို မသိဘူး စပါးဈေးလေးက နည်းနည်း လိုက်လို့တော်သေးတယ် "

"ကဲ လက်ဖက်သုပ်လေး စားအုံး "
ဒေါ်ရှင်ဆောင်းက လက်ဖက်သုပ် ပန်းကန်ကို စားပွဲပေါ်တင်ပေးပြီး ရေနွေးအိုးယူကာ ရေနွေးသွားဖြည့်လေသည်။ ဒေါ်သင်းနွယ်လည်း သူ့ယောက်ျား ပေါင်ကို လက်တကုတ်ကုတ်ဖြင့် အချက်ပြနေလေသည်။ ယောကျာ်းဖြစ်သူကလည်း ခဏနေအုံး ဆိုသည့် မျက်လုံးဖြင့် လှည့်ကြည့်နေသည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Dove le storie prendono vita. Scoprilo ora