Special epi 2 ( not Myo Myat & AThaw)

6.3K 255 23
                                    

Unicode

ဆေးနံ့တွေ မွှန်ထူနေသည့် အခန်းထဲ၀ယ် ခပ်ချော အမျိုးသားတစ်‌ဦးနဲ့ အသက်အရွယ်ကြီးကြီး အမျိုးသမီးကြီးနှင့် အမျိုးသားကြီး နှစ်ဦးက မကြည်မသာ မျက်နှာတွေဖြင့် ကုတင်ပေါ်မှ အမျိုးသမီးအား မမှိတ်မသုန် ကြည့်ကာ နေ၏ ။ စကားလည်း တစ်ခွန်း တစ်ပါဒမျှ မဆိုကြပါဘဲ ၀မ်းနည်းရိပ်တွေသာ စွန်းထင်းနေကြသည်။
ခဏကြာလေတော့ ခပ်ချောချော အမျိုးသားက ထထွက်သွားလေသည်။

"ဆရာ အခန်းနံပါတ် ၂၀၁က လူနာ အခြေအနေလေး သိခွင့်ရမလား ခင်ဗျာ "

"အော် မနေ့က ကားတိုက်မှုဖြစ်ပြီးရောက်လာတဲ့ လူနာ မဟန်နီလား "

"ဟုတ်ကဲ့ဗျ "

"ပြောရမှာ အားနာပေမယ့် အများကြီး မျှော်လင့်လို့တော့ မရဘူးဗျာ
ရာခိုင်နှုန်းနဲ့ဆိုရင် ၂၅လောက်ပဲ ရှိတယ် "

"ဘယ်လိုမှ ကုလို့ မရနိုင်တော့ဘူးလား ဆရာ
ဖြစ်နိုင်ရင် ကူညီပါဦးဗျာ ကလေးငယ်လေးလည်း ရှိသေးလို့ပါ "

ထိုခပ်ချောချော အမျိုးသားက ညှိုးငယ်စွာဖြင့်ဆိုလျှင်
ဆရာ၀န်ကြီးက နှာတံပေါ်လျှောကျနေသည့် မျက်မှန်အား လက်နှင့် ပင့်တင်ကာ သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချသည်။

"ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပေးနေပါတယ် အတတ်နိုင်ဆုံး အကောင်းဆုံး နည်းပညာတွေနဲ့ ကြိုးစားပေးပါ့မယ် "

ဒီကထွက်ပြီး နိုင်ငံခြားထွက်ကုရအောင်လည်း လူနာက သယ်သွားလို့ အဆင်မပြေ။ အခုတက်နေတာကလည်း အကောင်းဆုံး နည်းပညာတွေနဲ့ အကောင်းဆုံးဆေးရုံမှာ တက်ကုနေတာမို့ အများကြီးတော့လည်း ကွာမည်မထင်ပါ။
ဘယ်လိုပင် ပြတ်ဆဲထားသည့် အမျိုးသမီးဆိုဆို အခုလို အခြေအနေနှင့်တော့ မမြင်ရက်တာအမှန်ပင်။ ဒါ့အပြင် သားလေးလည်း ရှိနေသေးသည် မဟုတ်ပါလား ။မနေ့နေ့လည်ကတည်းက ဆေးရုံရောက်နေတာကြောင့် လူတစ်ကိုယ်လုံးလည်း ငြီး‌စော်နံနေလေပြီ။ ဒီညနေတော့ အိမ်ကို ပြန်မှရမည်။ဆေးရုံက မစောင့်ပေးလို့တော့မရ ဟန်နီ့ မိဘတွေကလည်း အသက်အရွယ်ကြီးနေပြီ ဖြစ်တာကြောင့်ရော ကျောထောက်နောက်ခံ သားသမီးက ဟန်နီတစ်ယောက်သာ ရှိသောကြောင့် ဆေးရုံစောင့်ဖို့က ကျွန်တော်အပြင် တခြားမရှိ။ ဒါကြောင့် မဖြစ်နေ ၀တ္တရားအရကတော့ ‌ကျိန်းသေပေါက် ဆေးရုံစောင့်ပေးရမှာပင်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now