အပိုင်း (၂၆)

7K 418 1
                                    

UNICODE

"မီမီ မီမီ လာ လာ "

"ညောင် !"

"အီး ဟီး "

အသော် ဟင်းချက်နေတုန်း ဧည့်ခန်းမှာ ဆော့နေသည့် ဒီဒီအသံကြောင့် အပြေးအလွှားသွားကြည့်တော့ ကြောင် အမြှီးကို မလွှတ်တမ်းဆွဲထားသည့် ဒီဒီ ။ ကြောင်ကလည်း စိတ်တိုသည်ထင်သည် အတင်းရုန်းကာ ရန်ဆောင်သလို ကြည့်ပြီး ပြေးသွားလေသည်။ ဘေးက အငယ်လေးကတော့ မျက်လုံးပြူးကလေးနှင့် အစ်မဖြစ်သူကို ကြည့်လို့။

"ပါး မီ မီ အီး ဟီး "

အသော့်ကို မြင်မှ အော်တင်ကာ ငို‌‌ပါလေတော့သည်။ ဒီဒီက ကြောင်ဆို တအားချစ်သည်။ ဒီကြောင်လေးဆိုလည်း သူ့ဒဏ်ပဲ ခံနေရတာ ပွေ့ဖက်ပြီး အူးယားသည့်အခါ တင်းနေအောင်ဖက်တတ်သလို သူ့အနားမလာရင်လည်း ခုဏကလို အမြှီးကို အတင်းဆွဲထားတတ်သေးသည်။ အငယ်က သူ့လိုမဟုတ် ခပ်အေးအေးသာ ဂျီကျရင်တော့ သူ့အစ်မထက် ချွဲသည်။

"မီ မီ ကသမီးကို ဘာလုပ်လို့လဲဟင် "

မျက်လုံးဝိုင်းဝိုင်းကြီးကနေ တလိမ့်လိမ့်ကျ‌နေသော မျက်ရည်ဥတွေကို သုတ်ပေးပြီး ခေါင်းလုံးလုံးလေးကို နမ်းကာ မေးတော့

"လာဘူး မီမီ လာဘူး ပါး"

သမီးတို့က စကားပြောနှေးသည်ပြောရမည်။ အခု အသက်နှနှစ်ရောက်တာတောင် တစ်လုံးစ နှစ်လုံးစသာ ပြောတတ်သေးသည်။ ရေလည်ပတ်လည်တော့ မပြောတတ်သေး။

"မီ မီကလည်း ဆော့ချင်မှာပေါ့ သမီးလေးရဲ့ "

"အီး ဆော့နဲ့ "

"ဟောဗျာ သမီးက အဲ့လိုလုပ်နေရင် မီမီလေးက ဒီမှာ မနေဘဲ ထွက်ပြေးသွားမှာပေါ့ မီမီလေးကို မချစ်ဘူးလား "

"ချစ် "

"အဲ့တာဆို မငိုနဲ့တော့နော် ပြီးရင် ပါးနဲ့ ရေချိုးမယ် "

"ဖေ့ !"

ဒါက ငယ်လေးရဲ့ ခေါ်သံ ။ အိမ်ထဲ ကား၀င်လာတာမြင်တာနဲ့ အဖေချစ်လေးတွေက တန်းသိသည်။

"ဟာ ငယ်လေးက အရုပ်တွေနဲ့ ဆော့နေတာလား လာပါဦး ဖေ့ဆီလာပါဦး "

တောက်တဲ့ တောက်တဲ့နဲ့ အိမ်၀ထိရောက်အောင် လျှောက်သွားပြီး သူ့အဖေကို။လက်ကမ်းနေလေသည်။ ဟိုကလည်း ဆွေ့ကနဲ ကောက်ချီပြီး တရှုးရှုးနဲ့ နမ်းနေလေသည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now