အပိုင်း (၂၃)

7.6K 474 4
                                    

Unicode

"ကလေးလေးရေ ကလေးလေး "

"လာ‌အမေ သားတို့မီးဖိုချောင်ထဲမှာ ရှိတယ် "

အသော်တို့ ထမင်းစားပြီး လက်ဆေးကာ ရှိသေး အိမ်ရှေ့က အမေတို့ ခေါ်သံကြားတာကြောင့် ပန်းကန်တွေကို မောင်နဲ့ ထားခဲ့ပြီး အပြင်ထွက်လာခဲ့သည်။

"မရှင်ဆောင်း မင်း အရင်သွားနှင့် ငါ ရေအိမ်၀င်ဦးမယ် "

"တော့်နှယ် "

"ခုဏ အဖေ့အသံကြားတယ်ရော "

"သားအဖေ ပါတယ် အခုတော့ ရေအိမ်၀င်ချင်လို့ သွားလေရဲ့ "

ရေအိမ်၀င်ချင်ဇောနဲ့ လောလောလော ၀င်ခဲ့ပေမယ့် အထဲရောက်မှ ဟိုနေ့က အကြောင်းပြန်တွေးမိပြီး ကျောချမ်း‌နေတော့သည်။ နောက်လည်း မလုံ ဆင်းပြီး ပြန်ရအောင်လည်းကိုယ့်ကိစ္စက မပြတ်သေး ။

ဘုန်း

"ဟ ဘာတုန်း ဟ "

"ဘုန်း "

"ဟ အမလေး "

ကိစ္စမြန်မြန် ဖြတ်ပြီး အိမ်ရှေ့ အတင်းသွားရသည်။

"မျိုးမြတ် ဒီမှာ အမေခေါ်နေတယ် "

ပန်းကန်ဆေးနေရင်း‌ နောက်ဖေးမှာ မီးရောင်မြင်တာကြောင့် သံဇကာက ချောင်းကြည့်တော့ ယောက္ခထီးကြီးပင် ။ ကိစ္စက အတော်လေး အရေးကြီးသည်ထင်သည် မပြေးအလွှား Toiletဆီသွားနေလေသည်။ သူထင်တာ မမှားရင် နေ့လည်က မုန့်ဟင်းခါး အစွမ်းပြပြီ ထင်သည်။
ပန်းကန်တွေ သူ့နေရာသူမှောက်ရင်း အသော် သူ့အပင်ကို လာယက်သည့် ကြက်တွေကို ခြောက်ပစ် ပစ်သည့် လောက်လေးဂွကို သွားတွေ့သည်။ လောက်စာလုံးကလည်း ဘေးမှာ အရံသင်။ အဟင်း တွေ့ကြသေးတာပေါ့။
လောက်စာလုံးကို ဂွသရေကြိုးမှာ တင်ကာ ခပ်တင်းတင်းဆွဲရင် Toilet တံခါးကို တည့်တည့်မတ်မတ် ပစ်ချလိုက်သည်။ တစ်ချက် မဆင်းလာသေး နှစ်ချက် သုံးချက် ဆင့်ပစ်တော့ ချက်ချင်းဆင်းပြေးသည့် ယောက္ခထီးကြီးကို ကြည့်ပြီး အသံတိတ်ရယ်ရ‌‌သည်။ မဟုတ်ရင် ဆွဲထိုးခံရအုံးမှာ ။

"လာပြီ အသော် "

"ဟေ့ကောင် ဟောဟဲ ပိုင်လွန်း မင်းတို့အိမ်က အကောင်ရှိသေးတယ် ထင်တယ် အိမ်သာ တံခါးကို လာပုတ်တာ "

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now