UNICODE
"မောင် ပဲခင်းတွေ ကောင်းရဲ့လား "
"အရင်ကတော့ အထူကြီးပဲ အခုတော့ တဖြည်းဖြည်းပျောက်လာသလိုပဲ "
မောင်က အိမ်ရှေ့မှာ ချထားသည့် ရေအိုးမှာ ခြေထောက်ဆေးနေရင်းက ဖြေသည်။
"ဟော အခုမှ ပြန်လာတာ ခြေထောက်မဆေးပါနဲ့ အုံးဆိုတာကို "
"ရပါပြီ ချစ်သည်းရာ ညနေစောင်းနေပြီ ဘာမှ မဖြစ်တော့ဘူး"
အတက်အဆင်း လှေကားခုံမှာ အပေါ်ဆင့်ကနေ အောက်ဆင့်ဆီ ခြေချပြီး ထိုင်နေသည့် ချစ်သည်းက အမောပြေလေး ။ အိမ်ထဲပဲ နေပြီး ကလေးထိန်းရလွန်းလို့ထင်သည် အရင်ကထက် မျက်နှာလေးက ဖြူဥလို့ လည်တိုင်ကျော့ကျော့မှာ ရွှေဆွဲကြိုး ပါးပါး အတိုလေးက တလက်လက်။ ဆံပင်လေးတွေကို နားရွက်အုပ်နေတာကြောင့် တကယ့်ကို အကြည့်မလွှဲချင်စရာလေး ။ကျွန်တော် အိမ်ပေါ်တက်တော့ နောက်ကနေ ထပ်ကြပ်မကွာပါလာသည်။ သမီးနှစ်ယောက်ကိုတော့ဖြင့်မတွေ့ ။
"မောင့်ပဲခင်းတွေပါးတာ မြေစိုတာနေမယ် မနှစ်ကလောက်တောင် မထူဘူးလား"
ဧည့်ခန်းထဲက ခုံမှာကျွန်တော်၀င်ထိုင်တော့ ခုံလက်တန်းပေါ်ထိုင်ရင်းက မေးသည်။ဒီနေ့ကတော့ သေချာပေါက် နားပူမယ့်နေ့ပဲ ။
"မနှစ်ကလောက်တော့ မကောင်းဘူး ချစ်သည်း "
"အဲ့တာဆို မြေစိုလို့ သေကုန်တာနေမယ် မနှစ်ကလည်း တစ်တင်းနှုန်းကြဲတာ ဒီနှစ်လည်း တစ်တင်းနှုန်းကြဲတာ အတူတူပဲကို
အဲ့တာမောင် အလွယ်လုပ်တာလေ
မြေစိုပါသေးတယ် ဆိုတာကို မဟုတ်ဘူး
ရပြီ နှစ်နေတောင် ပြထားတာ ဆိုပြီး အချောမောင်းပြီး ပဲတွေတန်းကြဲတာလေ အခုမှ မှိုင်မနေနဲ့ "( ပဲတီစိမ်းစိုက်ရင် ထွန်စက်နဲ့ အကြမ်း တစ်ထပ်ခွဲပြီး နေပြရပါတယ် ။ သုံးနေလောက်ရရင် တစ်ခါ အချော နှစ်ထပ် သို့မဟုတ် သုံးထပ် မောင်းပြီး မြေစိုရင် နေထပ်ပြရပါတယ် သိပ်မစိုဘူးဆိုရင် တစ်နေ နှစ်နေဆို ပဲကြဲလို့ရပါပြီ။ မြေအနေအထားက မစိုမခြောက် အခြေအနေဆိုရပြီ။ စိုတဲ့ ဘက်နည်းနည်းရောက်ရင်တောင် ပေါက်တဲ့အချိန် ထူပြီး တဖြည်းဖြည်းအပင်သေပါတယ် ။
တအားခြောက်ရင်လည်း ပဲ မပေါက်ပါဘူး )
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။