အပိုင်း (၂၀)

7.7K 490 6
                                    

Unicode

"ပိုင်လွန်းရေ ပိုင်လွန်း "

"အိမ်ရှေ့က အသံကြားတယ် မောင် အပေါ်အကျီ ကိုယ့်ဘာသာ၀တ်လိုက်တော့နော် အသော်ဆင်းကြည့်အုံးမယ် "

checked Shirt လက်ရှည်က ကြယ်သီးကို အမြန်တပ်ပေးပြီး လှေကားပေါ်ကနေပြေးဆင်းသွားသည့် အသော် ။ မနက်စောစောစီးစီး အေးတယ်ဆိုပြီး အတင်းအနွေထည်ထုတ်၀တ်သွားခိုင်းသည့် အသော်ကြောင့် စိတ်ကျေနပ်အောင်တော့ ၀တ်သွားရမည်။ ကားနဲ့ သွားမှာမို့ မ၀တ်လဲ ရတယ်ဆိုတာကို မဟုတ်။ မောင် အအေးပတ်လိမ့်မယ်ဆိုတာချည်းပဲ တတွတ်တွတ်နဲ့ ။

အနွေးထည်စွပ်ပြီး စာရွက်စာတမ်းတွေ ထည့်ထားသည့် အိတ်ကို ကိုင်ကာ ဆင်းလာတော့ အသော်က မရှိ။နောက်ဖေးမှာတော့ အသံတွေကြားသည်။ ဒါဆို ခုဏက ခေါ်သံက ဟင်းချက်စရာ အရွက်အသီးလာ၀ယ်သည့်သူထင်သည်။ အပင်တွေ မစိုက်ပါနဲ့ ပင်ပန်းလိမ့်မယ်ဆိုတာလည်း မဟုတ်။ သူ့မှာ တစ်နေ့တစ်နေ့ နောက်ဖေးက အစုံအစိစိုက်ထားသည်ြ အခင်းထဲရယ် အိမ်ဘေး ခရမ်းချဉ်ခင်းထဲမှာ တကုပ်ကုပ်။အရင်က မနက်ခင်းအေးလို့ ကွေးတဲ့လူက သူ့အပင်တွေလည်း အရွယ်ရောက်လာရော မိုးမလင်းခင်ထပြီး အပင်တွေပတ်ကြည့်တာဗျာ ။ ပြီးမှ အိမ်ထဲပြန်၀င် ထမင်းအိုးတည်ရင်း ခရေပန်းတွေကောက် သီပြီး မနက်ခင်း မြို့ပေါ်ဈေးသွားရောင်းတဲ့သူတွေကို ထည့်ပေးပြီး စီးပွားရှာသေးတာ ။ အရင်က ကပ်စေးကုပ်တယ်ဆိုတာထက် အခုက စီးပွားရေးပါ သိတတ်လာတော့ တစ်ပြားကို နှစ်ပြားခွာတော့တာ ပိုင်လွန်းသော်က ။ အိမ်နောက်မှာလည်း နေရာအလွတ်ရယ်လို့မရှိ။ ‌အိမ်ရှေ့ ရေသုံးတဲ့ နေရာကြည့်အုံးမလား ဘုရားတင်တဲ့ ပန်းတွေကို စွန့်ပြီးထိုးထားတဲ့အပင်တွေက သန်သန်မာမာနဲ့ ။ ရေကလည်း ရှယ်‌သောက်နေရတာဆိုတော့ အတက်တွေကလည်းဝေဝေဆာဆာ ။ ရှည်လာပြီဆိုရင်တော့ အိမ်က ကိုကပ်စေးလက်ချက်နဲ့ ဘုရားတင်တာကတင် ဟော ရောင်းတာကရောင်းနဲ့ အဆင်ကိုပြေနေရော ။

"ဟိုတစ်ယောက်ကိုပြောတာလား မဆု ရန်ကုန်မှာ အလုပ်ကိစ္စသွားဖို့လေ "

အိမ်ခေါင်းရင်းဘက်က ခရေပင်အောက်ကနေ အသံတွေက တဖြည်းဖြည်း အိမ်ရှေ့သို့ ဦးတည်လာလေသည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now