Unicode
တံခါးခေါက်သံက တဖြည်းဖြည်းစိပ်လာသည်။ ကုတင်ပေါ်မှာ စောင်နဲ့လုံးထွေးက ပုစွန်ထုပ်လိုကွေးနေသည့် ကောင်လေးကလည်း ပါးစပ် ဘုရားစာကို တတွတ်တွတ်ရွတ်လျက်။
🎶ချစ်တဲ့ အကြောင်းတွေ ခဏခဏပြောတဲ့ မောင့်ကိုပင်.."
ခေါင်းရင်းကနေ ထမြည်သည့် ဖုန်းသံကြောင့် မျက်နှာလေးက အားကိုးရာတစ်ခုကို ရလိုက်သလို ။ အတင်းကာရော အလင်းရောင်ပေးနေသော ဖုန်းလေးကို ကောက်ကိုင်ကာ
"မောင် အင့် ဟီး...!"
"ဘာဖြစ်တာလဲ ချစ်သည်း မောင့်ကိုပြောစမ်း "
ဖုန်းကိုင်သည်ဆို ချက်ချင်းငိုလာသည့် အသော့်ကြောင့် သူမှာ ရင်ထဲ ထိတ်ခနဲ။ အသော်များ တစ်ခုခု ဖြစ်နေသလား စိတ်တွေက ကယောင်ခြောက်ခြားနဲ့ ။
"မောင့် အင့် အခန်းတံခါးကို တစ်ယောက်ယောက်က လာခေါက်နေတယ် အီး "
"မငိုနဲ့လေ ချစ်သည်းရယ် ဖိုးသားများလား "
"မဟုတ်ဘူးဆို ဖိုးသားက ညနေကတည်းက အသော်ပြန်လွှတ်လိုက်တာ အခုက ဘယ်သူမှန်းမသိဘူး "
ရှိုက်ကာရှိုက်ကာ ပြောနေသည့် အသော်က အတော်လေးကို ကြောက်နေသည့်ပုံစံ ။
"ဟုတ်ပြီ စိတ်အေးအေးထား အသော် မောင် အသော့်နားမှာ ရှိတယ်လို့ တွေးလိုက် "
"...."
"ညနေက အသော် အောက်ထပ်က တံခါးမကြီးကို လုံအောင် ပိတ်ခဲ့လား "
"ပိတ်ခဲ့တယ် ရှေ့ရော နောက်ရော ပြတင်းပေါက်တွေရောပဲ "
"ဟုတ်ပြီ မောင့်ကို အစအဆုံးပြောပြပါအုံး "
"အသော် တံခါးတွေအကုန်စစ်ပြီးတော့ အပေါ်ထပ်က အိပ်ခန်းထဲကို တက်လာလိုက်တာ ပြီးတော့ အိပ်ခန်းထဲက အပေါက်တွေပိတ်ပြီး အသော်တို့ အိပ်တဲ့ ခေါင်းရင်းက အပေါက်ကိုပိတ်တော့လေ ခရေပင်ကိုကြည့်ပြီး ငယ်ငယ်က အကြောင်းတွေ တွေးမိပြီး ကျောချမ်းလာတာနဲ့ အတင်းပိတ်ပြီး ကုတင်ပေါ်ကို တက်ပြီး အိပ်တာပဲ အဲ့အချိန်မှာ အောက်ထပ်က ဒုန်းဆိုပြီး အသံကြားတာ ခဏနေတော့ အသော်တို့ အခန်းတံခါးကို ခေါက်တော့တာပဲ "
YOU ARE READING
ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )
Romanceမီ့ ရဲ့ ဒီကလေးလေးတွေကိုလည်း ချစ်ပေးကြပါဦးနော်။ ချစ်စရာ အသော်လေးရယ် ၊ အသော်လေးကို ချစ်တဲ့မောင်ရယ် ၊ မောင်နဲ့ အသော်ကို သဘောမတူတဲ့ အသော့်ဖေဖေရယ် ဒီသုံးယောက်က ဘယ်လိုမျိုး အမျိုးစုံကြိုးခုန်မလဲ ဆိုတာကို ဖတ်ပေးကြပါဦးနော် ။