အပိုင်း ( ၁၅ )

8.3K 508 8
                                    

Unicode

"ချစ်သည်း ပင်ပန်းနေပြီလား တစ်နေကုန် ဧည့်ခံထားရတော့ "

"အင်း နည်းနည်း "

ရွာမှာလုပ်သည့် ပွဲဆိုတော့ အတော်လေးကို ပင်ပန်းသည်။ အကုန်လုံး ကိုယ့်လက်ကိုယ့်ခြေဆိုတော့ ပို‌ပင်ပန်းသည်။

"ဒါဆို ရေလေးချိုးပြီး မောင့်အခန်းမှာ ခဏနားလိုက်အုံး မောင် ပစ္စည်းဘာညာ လိုက်ပို့လိုက်အုံးမယ် "

"ဟင် အဲ့လိုကောင်းပါ့မလား အသော်လည်း ကူလုပ်ပါ့မယ် "

"နေပူနေပြီလေကွာ အ‌သော်ပင်ပန်းမှာဆိုးလို့ မောင်က ဟိုကောင် လင်းလင်းတို့ကို ဝိုင်း လုပ်ပေးရဦးမှာ အဲ့တာကြောင့်နော် "

မောင်က အသော့်ပါးကို ခပ်ဖွဖွဆွဲကာ ပြောတော့ အသော်လည်း လက်လျော့လိုက်ရသည်။ ပင်ပန်းနေတာတော့ မှန်ပေမယ့် ကူသိမ်းပေးချင်သည်။ သူများတွေက အလုပ်လုပ်နေပြီး အသော်က အိပ်နေရင်မကောင်း။ ယောက္ခမတွေ အမြင်မကြည်မှာလည်း ဆိုးသည်။ ဒါကြောင့် ရေချိုးပြီးရင်တော့ ကူသိမ်းပေးရအုံးမည်။

"ဟယ် ပိုင်းလွန်းလေ ပင်ပန်းနေတာကို သွားနားနေသွား အမေတို့လည်း သိမ်းစရာသိပ်မကျန်တော့ဘူး "

"ဟုတ်တယ် ဟုတ်တယ် သွား မျိုးမြတ်ယောက်ျားလေး အဒေါ်တို့လည်း သိမ်းတာပြီးခါနီးနေပြီ "

မောင့်အမေကရော မောင့်အဒေါ်ကရော ဝိုင်းကူဖို့ဆင်းလာသည့်အသော့်ကို ပန်းကန်တွေရေသုတ်နေရင်းကနေ ပြောသည်။

"လာပါဟယ် သားရယ် သွားနားနေချေ။ မျိုးမြတ် အခန်းထဲကို အမေလိုက်ပို့မယ် "

ပြောမရလို့ထင်သည်။ အသော့်လက်ကနေဆွဲပြီး အခန်းထဲရောက်အောင် လိုက်ပို့သည်။ ပြီးတော့လည်း မှာသွားသေး အိပ်ပျော်အောင် အိပ်လိုက်အုံးတဲ့။ မောင့် မိသားစုဆီက ဒီလို အချစ်ခံရမယ်လို့ မထင်ထား။ မောင့်ကြောင့်သာ လက်ခံပေးသည်ဟု ထင်ခဲ့ခြင်းက မှားနေကြောင်း ပိုပိုပြီး သတိထားမိလာသည်။

"ချစ်သည်း ခဏလေး ထပါဦး‌ "

မျိုးမြတ် အခန်းထဲ ၀င်လာတော့ ချစ်သည်းလေးက တစ်ဖက်ကိုစောင်းကာ အိပ်နေလေသည်။ ဒီနှစ်က ဆောင်းစောစော၀င်တာကြောင့် နေ့လည်ခင်းမှာ ဆောင်းလေက တဖြူးဖြူး ။ ဖွင့်ထားတဲ့ ပြတင်းပေါက်က လေတွေက ခပ်ဖြူးဖြူး ၀င်လို့ ။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now