အပိုင်း ( ၉ )

9.5K 599 2
                                    

Unicode

ယနေ့ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ ...
တစ်နည်း မျိုးမြတ်မဟာနဲ့ ပိုင်လွန်းသော် ရဲ့ စေ့စပ်ပွဲ နေ့ ဖြစ်လေသည်။ ဦးထွန်းခင် အိမ်အောက်ထပ်၌ လူ‌တွေ စုံနေလေပြီ ။ အပေါ်ထပ်ရှိ ခင်မူမှာလည်း ကျောက်ကျောနဲ့ သာကူစနွင်းမကင်းကို လှီးရသည်မှာ လက်မလည်။ ပုံမှန် နားဖောက်ဆို လူသိပ်မရှိပေမယ့် အခု သူတို့အိမ်ကျမှ တစ်ရွာလုံး သူတို့အိမ်ကို ရောက်နေသလိုပင် ။ ဒါတောင် ဖိတ်သည်က လူကြီး လေး ငါး ဆယ်ယောက်နဲ့ ဆွေမျိုး အရင်းအချာ နည်းနည်းသာ ။

"မရှင်ဆောင်း သားလေးက အ‌ရွေးတော်‌သားတော့ နော် ကျွန်မဖြင့် ဒီကလေး အိမ်ထောင်မပြုတော့ဘူးတောင် ထင်နေတာ ။ ပြုမယ့်ပြုတော့လည်း တကယ့် ဒိတ်ဒိတ်ကြဲနဲ့ ပါ့လား ဟင်းဟင်း ။"

ဟိုဘက်မိသားစုက မလာသေးသဖြင့် ဒေါ်ရှင်ဆောင်းလည်း မျက်နှာရင်းသည်ြ လူများကို လိုက်ဧည့်ခံဖြစ်သည်။ တစ်ယောက်တစ်ပေါက်နဲ့ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ စကားများသာ အိမ်ပေါ်တက်ပြီး ပါးစပ်အရသာခံပြောနေကြလေသည်။

"ဟုတ်တယ် မရွှေရဲ့ သားလေးကို မျိုးမြတ်က အရင်ပိုးတာဆိုပဲတော့ ဘာပဲဖြစ်ဖြစ်ရှင် ကျွန်မသားလေးကတော့ ဒီရွာထဲမယ် ယောကျာ်းရတာ ထိပ်ပဲရှင့် "

"ဟင်း ဟင်း ဟုတ်ပါ့ ဟုတ်ပါ့ ဒါနဲ့ မုန့်ဘာညာက ဟိုဘက်က ပို့တာလား "

မရွှေဆိုသည့် အမျိုးသမီးက ကျောက်ကျောတစ်တုံးကို ပါးစပ်ထဲ ထည့်ရင်းက စပ်စုသည်။

"ဟုတ်တယ် သူတို့ဘက်ကပဲ အကုန်ပို့တာလေ။ လောလော လုပ်လိုက်ရပေမယ့် အကုန် ပြည့်ပြည့်စုံစုံလုပ်ပေးပါတယ် တော် ။ "

"ဒါနဲ့ အတင်အထား..."

"အမေ ကလေးလေးက ခဏတဲ့ "

စပ်စုတော့မည့် အမျိုးသမီးအသံကို ဖုံးအောင် အော်ခေါ်လိုက်သည့် ခင်မူကြောင့် ဒေါ်ရှင်ဆောင်းလည်း ခဏဟုဆိုကာ သူ့သမီးခေါ်သည့် နောက် လိုက်သွားလေသည်။

...........

"ကဲ ဒီနေ့ လူကြီးစုံရာနဲ့ လာတဲ့ ကိစ္စကတော့ ဒီက ကိုထွန်းခင်နဲ့ မရှင်ဆောင်းရဲ့ သား‌ကို ဒီဘက်က ကိုစံလင်းနဲ့ ‌မသင်းနွယ်တို့က မိသားဖသားပီပီ လာရောက်တောင်းရမ်းတာပဲ ဖြစ်ပါတယ် ဒီဘက်က ကိုထွန်းခင်တို့အနေနဲ့ ကန့်ကွက်ဖို့များရှိသလား "

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now