special epi 5

2.3K 66 5
                                    

"သွားပါ သားရယ် မင်းဖေဖေကို သွားခေါ်ချေ ။ ဘွားတို့ကို အားနာစရာ "

"ဟာ ပါးကလည်း သူနဲ့စကားမပြောချင်ပါဘူးဆို"

သားက နံရံကို မှီနေရင်းက ပြောသည်။အရွယ်ကလေး နည်းနည်းရောက်လာတော့ သားကဂျစ်တစ်တစ်ကလေးဖြစ်လာသည်။ ကလေးချင်းကြားလာသည့် စကားတွေကြောင့် သူ့အဖေကို စိတ်ကောက်နေတာဖြစ်သည်။

"သားသား ဖအေကို မပြစ်မှားရဘူးလို့ ပါးဒီလောက်ပြောထားတာကို ပြီးတော့ ပါးလည်း အများကြီးရှင်းပြထားတယ်လေ သားရယ် နော်
သားကပဲ နားလည်ပေး "

"ပြီးရော ပါးပါးရာ သားက ပါးကို သနားလို့ပါ။"

"ပါး အဆင်ပြေပါတယ် သားရယ်နော် သွား သွား "

ထိုသို့ပြောမှ အပေါ်ထပ်ကို ပြေးတက်သွားသည်။ မဖြစ်တော့ ဒီညတော့ ဒီ တအုံ့နွေးနွေးဆက်ဆံရေးကို အပြတ်ရှင်းရမည်။ ကလေးတွေအထိပါ သူ့ကို အထင်မသေးစေချင်။ကျွန့်တော်လုပ်ရပ်တွေက ကလေးတွေကို သူ့အဖေအား ပစ်မှားစေမိပြီလား ။

"ဖေဖေ ဖေဖေ"
"အင်း"
လင်းထက်မြက်က သူ့ စာအုပ်ဆီမှ မျက်နှာမခွာဘဲ ထူးသည်။ ဒါကို သားငယ်က လက်မခံ သူ့အဖေ ပေါင်ပေါ်တက်ခွကာ မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲယူပြီး မျက်နှာချင်းဆိုင်ပစ်သည်။

"သားသားကို ကြည့်ပါဆို ဖေဖေကလည်း"

"အေးကွာ ပြော သားက ဘာပြောချင်တာလဲ"

"ပါးက ထမင်းစားကြမယ်တဲ့ ဘွားတို့လည်း ရောက်နေပြီ ဖေဖေက ယဉ်ကျေးမှု့မရှိသလိုပဲတဲ့ ပါးက ပြောနေပြီ "

လူကြီးလေးလို သူ့ပါးပါး ပြောသမျှ ပြန်ပြောနေတာက ချစ်စရာ။ဒီကောင်လေး သူ့ကို ရှောင်နေတာကြာပြီ။အခုမှကိုယ့်ကို စကားပြန်ပြောတော့တယ်။ ဒီနေ့က ယောက္ခမတွေ အိမ်ကို အလည်လာကြတာမလို့ သားက ပျော်ရွှင်နေတာဖြစ်သည်။နိုင်မှာလည်း မနက်ကတည်းက အစောကြီးထပြီး ပြင်ဆင်နေတာ။ သူ့ကိုလည်း စောစောထကာ သပ်သပ်ရပ်ရပ်ပြင်ဆင်ဖို့ပြောသွားသေးသည်။ သူသာ အရေးမလုပ်တာသူ့မိဘတွေရှေ့တော့ အဆင်ပြေအောင် နေစေချင်သည်။ သားနဲ့အတူတူ အခန်းထဲကထွက်လာတော့ ဧည့်ခန်းမှာ ယောက္ခမနှစ်ယောက်အားတွေ့သည်။ နိုင်ကတော့ မျက်နှာလေး တပြုံးပြုံးနဲ့။သားနဲ့ သူက နိုင့်ဘေး၀င်ထိုင်တော့ သားက သူ့ပေါ်တွင် မထိုင် သူ့ဘိုးအေဆီ ကူးသွားလေသည်။ သူတို့သွေးသားမဟုတ်ပေမယ့် သားကိုလည်း အတော်လေး ချစ်ပေးရှာပါသည်။ ထို့သို့ မေတ္တာတွေပေးလေတိုင်း ကျွန်တော့်မှာ မျက်နှာပူရသလို အားလည်းနာရပါသည်။
"မြတ်ပန်ကလေးရော အဆင်ပြေရဲ့လား သား"

You've reached the end of published parts.

⏰ Last updated: Sep 22, 2024 ⏰

Add this story to your Library to get notified about new parts!

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now