အပိုင်း (၃၁)

10.8K 418 4
                                    

Unicode

"‌မျိုးမြတ်ရေ မျိုးမြတ် "

အိပ်ခန်းထဲက သူ့ဖုန်းမြည်နေတာမို့ လူလိုက်ရှာတော့ ဘယ်မှမတွေ့ ။ အိမ်အောက်က ချက်ပြုတ်နေသည့်ဖက်မှာ ကူလုပ်နေသည်ထင်သည်။သူ့ကိုခေါ်နေရင်း ဖုန်းက ကျသွားပြီး အခုနောက်တစ်ခေါက် ပြန်ခေါ်နေသည်။ contact ကိုကြည့်တော့ ကိုကျော်ထိုက်တန်ပင်။ဒါနဲ့ပဲ ကိုင်လိုက်တော့ ဘုန်းကြီးကျောင်းကို ရောက်နေတာပြီ ဖြစ်ကြောင်းနဲ့ ပစ္စည်းပစ္စတွေ လာကူသယ်ဖို့ လူလှမ်းခေါ်တာ ဖြစ်သည်။ ကလေးတွေ၏ မွေးနေ့က ဒီနေ့ အစဖြစ်တာကြောင့် မောင်လည်း အောက်မှာ လိုအပ်တာ ကူရင်းလက်မလည်။

"ဖိုးသားရေ ဘုန်းကြီးကျောင်းမှာလေ ကိုကျော်ထိုက်တန်ရောက်နေတယ်တဲ့ အဲ့တာ မင်း ဆိုင်ကယ်နဲ့ ပစ္စည်းတွေ သွားကူသယ်ပေးလိုက်ပါဦး
မင်းကိုကြီးကို ရှာတာ ခရမ်းဖက် ထွက်သွားတယ်ဆိုလို့ "

ထင်းသယ်ပေးနေသည့် ဖိုးသားကိုပဲ ခိုင်းရတော့မည်။ မောင်က အခုလေးတင် ဆိုင်ကယ်နဲ့ ခရမ်းထွက်သွားလေသောကြောင့် ။

"ဟုတ်ကဲ့ ကိုလေး "

ကိုလေးကတော့ ပြောပြီးပြီးချင်း အမွှာ နှစ်ယောက်ကို တစ်ဖက်ဆီချီကာ အိမ်ထဲ ပြန်၀င်သွားလေသည်။ ကျွန်တော့်မှာဖြင့် ထိုလူကြီးနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမှန်းမသိ။ခိုင်းမှတော့ သွားရပေမည်။ မဟုတ်ရင် ကိုလေးက ဆူတာနည်းနည်း ဟိုလူကြီးက ဒီရွာက လူတွေ ဆက်ဆံရေးကျဲတယ် ထင်သွားရော့သည်။ ခရေပင်အောက် ထိုးထားသည့် ဆိုင်ကယ်အား ဆွဲကာ ထွက်တော့ ကိုလေး၏ ‌ဂရုစိုက်သွားဆိုသည့် အသံက ကပ်ပါလာသည်။

"ဟော လူစွာလေးပါလား "

"ဘာ ခင်ဗျားနော် "

ဖိုးသားတစ်ယောက် ဘုန်းကြီးကျောင်းထဲ ခြေချရုံရှိသေး စောင်းတန်းထဲက ထိုင်ခုံတွင် ထိုင်နေသည့် ခပ်ချောချောအမျိုးသားက ထလာကာ ခပ်မြူးမြူးပုံစံဖြင့် စလေသည်။ ထိုသို့ စလျှင် အနှီဖိုးသားဆိုသည့် ကောင်ကလေးဟာလည်း စစက်မျှမခံ။ ပါးစပ်က ပေါက်ပေါက်ဖောက်ကာ ကားနောက်ဖုံးထဲက ရေသန့်နှင့် တစ်ခြား မုန့်နဲ့ ပစ္စည်းတွေကို ဆိုင်ကယ်ပေါ်တင်နေလေသည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now