အပိုင်း ( ၁၀ )

8.9K 560 9
                                    

Unicode
" အသော်‌.. အသော်လေး မောင်တို့ ရောက်ပြီ ထဦး "

တစ်လမ်းလုံး တရှုံ့ရှုံ့နဲ့ ငိုလာတဲ့ အသော်က ငိုရင်းအိပ်ပျော်နေသွားသည်ထင်။ အခုတိုက်အောက်ရောက်လို့ နှိုးတာတောင်း အင်း..အဲ လုပ်ပြီး ပြန်အိပ်ပျော်သွားသည်။ ဒါနဲ့ မနှိုးတော့ပဲ ပွေ့ချီကာ တိုက်ခန်းရှိရာ ပထမထပ်သို့ တက်လာခဲ့လိုက်သည်။

အသော့်ကို အခန်းထဲက အိပ်ရာမှာ တင်ပေးပြီး ကားထဲက ပစ္စည်းတွေကို တစ်ခေါက်ပြန်ယူရသေးသည်။

"ဝှား... မောင့် "

"မောင် ဒီမှာ ချစ်သည်း ..."

အသော် အိပ်ရာကနိုးတော့ ကုတင်ပေါ်ကိုရောက်နေလေပြီ။ ဟိုဟိုဒီဒီ မောင့်ကို ရှာကြည့်ပေမယ့် မတွေ့တာကြောင့် ခေါ်ကြည့်လိုက်တော့ အခန်းရှေ့မှာ အထုတ်တွေ တပုံတပင်ကို သယ်လာတဲ့မောင်။ ဘေးက အခန်းထဲကို အထုပ်တွေ သွားထားပြီးတော့ မောင်က အိပ်ခန်းထဲကို ၀င်လာသည်။

"မောင့် အသော်လေး နိုးပြီလား ဟင်..."

မောင်က အိပ်ရာထခါစမို့ ပွနေသည့် အသော့်ဆံပင်တွေကို လက်နှစ်ဖက်နဲ့ သပ်ချပေးကာ မေတ္တာတွေ ထုံမွှန်းနေသည့် အကြည့်နှင့်မေးသည်။

"အွန်း.. နှိုးတော့ မနှိုးလိုက်ဘူး ရောက်တာကြာပြီလား မောင် .."

"မောင်နှိုးပါသေးတယ် ။ ချစ်သည်းက အိပ်နေတော့ မောင်လည်း ပွေ့ခေါ်ခဲ့တာ ။ ‌"

"မောင် ရေချိုးအုံးမှာလား ချိုးရင် ချိုးလေ အသော် ထမင်းအိုးတည်ပြီး အိမ်က ထည့်ပေးလိုက်တဲ့ ဟင်းတွေ ပြန်နွှေးလိုက်အုံးမယ် "

"အဲ့ဒါဆို မောင်ရေချိုးလိုက်အုံးမယ် "

မောင်က အသော့် နှာဖူးကို ခပ်ဖွဖွနမ်းကာ ရေချိုးခန်းထဲ ၀င်သွားလေသည်။ အသော်လည်း မီးဖိုခန်းထဲသွားကာ ပေါင်းအိုးထဲ ဆန် နှစ်လုံး ထည့်ပြီး ရေသုံးထပ်လောက်ဆေးကာတည်ထားလိုက်သည်။ စားပွဲပေါ်မှာ တင်ထားသည့် ဟင်းချိုင့်ထဲက ဟင်းတွေကို ဒယ်နီထဲ ထည့်ကာ တစ်မျိုးချင်း ပြန်နွှေးလိုက်သည်။
ထမင်းအိုးတည်ရင်း ဟင်းနွှေးရင်းနဲ့ မောင်ရေချိုးပြီး ၀တ်ဖို့ အ၀တ်အစားကိုလည်း ခပ်သွက်သွက်ပြေးပြီး ထုတ်ပေးလိုက်သေးသည်။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Opowieści tętniące życiem. Odkryj je teraz