Note

3K 121 2
                                    

အားလုံးပဲ မဂ်လာပါနော်
ဂင်ဆိုမီပါ။
နည်းနည်းလောက် စကားရှည်ပါ့မယ်ရှင့်။

မမီရဲ့ ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည် က ဇာတ်သိမ်းသွားပြီပေါ့နော်။ ဒါက စာရေးသူ ဘက်ကသိမ်းလိုက်မျိုးပါ။ အသော်လေးတို့ မိသားစုကတော့ သူ့တို့ဘ၀လေးတွေကို အကောင်းဆုံး ဆက်ပြီးရှင်သန်နေပါလိမ့်မယ်။ သမီးနှစ်ယောက်ကလည်း အသော်လေးတို့နဲ့ပဲ နေထိုင်လိမ့်မယ်လို့ မျှော်လင့်လို့ရပါတယ်‌။ဘာကြောင့်ဆို အစ်မခင်မူက ကိုယ်၀န်ထပ်ရှိလာကြောင့်ပါ။
( ကိုမင်းဆွေ စွမ်းချက် )

ဒီ၀တ္ထုလေးကို စရေးဖို့ ဖြစ်လာတာ လယ်ထဲမယ် ငရုတ်သီးစိမ်းခူးရင်း ဟိုတွေး ဒီတွေးကနေ ရွာနဲ့ပက်သက်တဲ့ပုံစံလေး ရေးရမယ်ဆိုပြီးဖြစ်လာတာ‌။ ဇာတ်ကောင်တွေကို ထပ်ပြီး စဉ်းစားပြန်တော့ မမီရဲ့ အဖေ့လို ဘုတွန်းတတ်တဲ့ လူကြီးတစ်ယောက်ထည့်မယ်ပေါ့ ဒါမှလည်း ဇာတ်က ရွှင်မယ်ပေါ့နော် ။ ဒါနဲ့ပဲ ‌အသော့်ရဲ့ အဖေအဖြစ် ထည့်လိုက်တာ။

ပြီးတော့ ပိုင်လွန်းသော် ။သူ့ကိုကျ ဟိုးအရင် မမီတို့ရွာက အစ်ကိုကြီးကို inspireယူပြီး ဖန်တီးတာပေါ့နော် ။ ပြီးတော့ စီးပွားရေးကို စုတတ်တာလေးလည်း ထည့်မှ အိမ်ထောင်ထိန်းနိုင်မယ်ဆိုပြီး ကပ်စေးကုတ်တာလေး ပိုထည့်လိုက်တာပေါ့။

မျိုးမြတ်ကိုကျတော့ ရွာက ပညာတတ်လူငယ်ပုံစံမျိုး ဖန်တီးခဲ့တာ။သို့ပေမယ့် မမီရဲ့ ဖန်တီးချက်တွေက လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ် ။အသော့်ကိုတော့ သူက ငယ်ချစ်ပေါ့။ ငယ်ချစ်ဆိုတာထက် ဒီကောင်လေးကိုပဲ အရိပ်တကြည့်ကြည့်နဲ့ မြတ်နိုးသည့် ပုံစံမျိုးလေးပေါ့။
‌ပြီးတော့ ယောက္ခထီးနဲ့ တကျက်ကျက် ရန်ဖြစ်တဲ့ပုံစံပေါ့။ တစ်ခြားသူတွေဆို သမက်နဲ့ ယောက္ခက မတည့်တတ်တာ ဒီမှာတော့ မတည့်တာကို ဟာသ အဖြစ်နဲ့ မြင်ရပါလိမ့်မယ် ။

ကျော်ထိုက်တန်နဲ့ ဖိုးသားကတော့ something ပေါ့နော် ။ comebackလာဖြစ်မလား ဆိုတာ‌ကတော့ မသေချာပါဘူး ။
‌ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို အများကြီးကျေးဇူးတင်ပါတယ် ။
ထပ်ပြီး မမီရဲ့ စာတွေကို ဖတ်ချင်တယ်ဆိုရင်တော့
I wish your command လေးကနေ ကြိုဆိုပါတယ်နော်။
ဆယ်တန်းRepeater အစ်ကိုကြီးတွေကို ကြိတ်ပြီး ကြွေဖူးရင်တော့ သေချာပေါက် ဖတ်ကြည့်စေချင်ပါတယ် ။
ဝေဖန်အကြံပြုချက်လေးတွေကို မန့် အဖြစ်‌ရေးပေးရင် သိပ်ပျော်မိမှာ ။

ရွှေသမက်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... ( Complete )Where stories live. Discover now