1 (U+Z)

6.4K 252 42
                                    

မထူးဆန်းတဲ့သတင်းတစ်ပုဒ် ။ ဒါပေမဲ့ ရှေ့ပြေးနိမိတ်သတင်းတစ်ပုဒ်လိုမျိုး မျက်တောင်မခတ်တမ်း အထပ်ထပ်အခါခါဖတ်နေမိ၍ စာလုံးများပင် ဝေဝါးခဲ့ပြီ။ ဆက်ကာဆက်ကာ ဖတ်မိနေဆဲဖြစ်၏..။

မိုးသောက်သော်နှင့် တူရကီမော်ဒယ် Sarahတို့ရဲ့ Dating.

"ကိုကိုက ရက်စက်တာဟာ..''

ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်က ညည်းညူလိုက်တယ်။ ကောင်မလေးရဲ့Teeအင်္ကျီရှေ့ခြမ်းမှာတော့ ပြိုဆင်းခဲ့ရသူရဲ့ ပြုံးရယ်နေတဲ့ ပုံရိပ်။ ဖုန်းမျက်နှာပြင်ပေါ်ကသတင်းထက် စီစီညံညံဖြစ်နေတဲ့အုပ်စုက ပိုပြီးစိတ်ဝင်စားဖို့ကောင်းဦးမယ်။

Fan girl life ဆိုတဲ့ စကားကြီးကို ချီလာလိုက်တာ ချစ်မေတ္တာတွေအပြည့် ။ ကြယ်တွေကိုချစ်တဲ့ နက္ခတ်တာရာကြည့်သူတွေလိုမျိုး ။ သူတို့အတွက်မဟုတ်တဲ့လူကို သူတို့မှာ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေကြတုန်း ။

"ကိုကို့က ပြီးပြည့်စုံလူငယ်တစ်ယောက်ပဲ။ အဲ့ဒီတော့ ဒိတ်လုပ်တာမဆန်းပါဘူး ။ ကိုကိုရွေးချယ်တဲ့သူက ကောင်းတဲ့သူဖြစ်ရင် ကျေနပ်ပါပြီဟာ..။ ငါတို့ကိုကိုပျော်ရင် ပြီးတာပဲ..''

ကောင်းလိုက်တာ... သူတို့ကိုကိုပျော်ရင် ပြီးတာပဲတဲ့။ လွင်လည်း မိုးသောက်သော်ကို အဲ့ဒီလိုမျိုးချစ်ချင်လိုက်တာ။ မင်းပျော်ရင်ပြီးတာပဲဆိုပြီး..။ ဒါပေမဲ့လည်း လွင်ပြင်သစ်ဆိုတော့ အဲ့ဒီလောက်အထိ သဘောမကောင်းဘူး။

လွင်ကောင်းနိုင်သလောက်တော့ ကောင်းခဲ့ပါတယ်။မိုးသောက်ရဲ့ အောင်မြင်မှုတွေမှေးမှိန်မှာစိုးလို့ လွင့်ဘဝကို သီးသန့်နေထိုင်ခြင်းမှာ မြှုပ်ထားခဲ့တယ်။ မိဝေးဖဝေး အပေါင်းအသင်းတွေဝေး။ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကိုယ်ရေးကိုယ်တာထိမ်ချန်ပြီး မေးထူးခေါ်ပြောထက်ပို၍ မသိကျွမ်းရဲခဲ့။

ကောင်မလေးရေ...မင်းတို့ကိုကိုရွေးချယ်ခဲ့တာ အရင်တုန်းကတော့ လွင်ပြင်သစ်ဆိုတဲ့လူ။ မိန်းမလည်းမဖြစ် ယောက်ျားလည်းမဆန်တဲ့ ကောင်လေးတစ်ယောက်။မင်းတို့ကိုကို မိုးသောက်သော်က လွင့်ကို ရွေးချယ်ခဲ့တာလေ..။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now