4 (U+Z)

1.2K 175 37
                                    

" ဟင်...မောင် မပြန်သေးဘူးလား ''

အခန်းတံခါးဖွင့်ဖွင့်ချင်းမှာ ကန်ဒီနဲ့ကစားနေတဲ့မောင့်ကို တွေ့ရတယ်။ အရင်လိုမျိုး...မောင်ပြန်ပြီနော် ၊ ဂရုစိုက်ပါဟန်နီဆိုတဲ့ ခပ်စောင်းစောင်းလက်ရေးနဲ့စာအရှည်ကြီးကိုထားခဲ့ပြီး မောင်ပြန်သွားမယ်လို့ ထင်နေခဲ့တာ ။

"အင်း...မပြန်ချင်သေးလို့.. ''

"အဲ့ဒီလိုလည်း ရတာပဲလား..''

"ရတော့မရဘူး ။ ဒါပေမဲ့ မောင့်ကို သူတို့အလိုမလိုက်လို့လည်း မရပြန်ဘူး..''

ကျောပိုးအိတ်ကိုလွှတ်ချပြီး ရေခဲသေတ္တာဆီသွားတော့ လက်ထဲထည့်ပေးတဲ့ ရေတစ်ခွက်။

"မောင့်ဟန်နီလေး ပင်ပန်းလာပြီ ''

ရေသောက်နေတဲ့လွင့်ခေါင်းပေါ်ကို လက်တစ်ဖက်ရောက်လာပြီး ဆံပင်ကိုဖွနေတယ်။ အရင်နှစ်တွေကို ပြန်ရောက်သွားရသလိုမျိုး မောင့်ကိုပဲငေးကြည့်နေမိတော့တာ ။ ဒီလောက်နှစ်တွေကြာခဲ့ပေမဲ့ လွင်နဲ့မောင် ရန်မဖြစ်ဖူးဘူး။ ပြဿနာဖြစ်စေမယ့်ကိစ္စတွေကိုလည်း လွင်မလုပ်ခဲ့ဘူးပဲ။

"ဟန်နီ ''

"အင်း..''

"ဟန်နီ့ကို မောင်တကယ်ချစ်တာ.. သိလား ''

"အင်း..သိတယ်။ မောင်က ဘာလို့လာပြောနေတာလဲ''

"ဘာရယ်မဟုတ်ပါဘူး..။ ဒီအတိုင်းပဲ ပြောချင်လာလို့''

မောင်က တစ်လှမ်းချင်း အနားကပ်လာပြီး အတင်းတိုးဖက်နေတော့တယ် ။ အသက်ရှူသံမျှင်းမျှင်းကို နှလုံးခုန်သံတွေက စိုးမိုးထားတယ်။ ကျစ်လျစ်တဲ့လက်မောင်းတွေထဲမှာ လွင်မရုန်းသာခဲ့..ရုန်းလည်း မရုန်းချင်ခဲ့။ ဦးရေပြားကို ဆံပင်နဲ့ကာကွယ်ထားပေမဲ့ ထိတွေ့လာတဲ့အနွေးဓာတ်က လွင့်ကိုယ်ထဲကို ထိုးဖောက်သွားသလိုပဲ။ နှလုံးခုန်နှုန်းမြန်နေတဲ့ ဘယ်ဘယ်ရင်အုံမှာ မျက်နှာအပ်ပြီး မောင့်ခါးကို ခပ်တင်းတင်းဖက်ထားမိတယ်။

မောင်က လွင့်ကိုချစ်ပါရဲ့။ မောင့်မျက်ဝန်းထဲမှာ လွင့်ကိုချစ်တဲ့အချစ်တွေနဲ့ တလဲ့လဲ့ ။ မောင့်စကားတွေမှာ လွင့်ကိုလှည့်စားချင်တဲ့မာယာမပါတာ လွင်သိတယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now