32 (U+Z)

800 111 8
                                    

တိမ်းညွတ်ခြင်းကြောင့် 32

ညနေသုံးနာရီမှာ ရန်ကုန်ကထွက်ပြီး ပုသိမ်ကိုရောက်တော့ ညရှစ်နာရီ ။ အိမ်အဝင်မှာ ဆလိုင်းအယ်လ်ဗင် ရင်ဆိုင်ရတာဟာ အာအူးရဲ့ အသံတိတ်နှိပ်စက်မှု။ ဗိုက်တွင်းသားကို လက်ထိပ်ဖြင့်ဖိပြီး လိမ်ထားသည်မှာ နှစ်ပေါင်းများစွာ ကွဲကွာနေသော ချစ်မိတ်ဆွေနဲ့ ပြန်​တွေ့ချိန်၌ လှိုက်လှဲစွာ ကြိုဆိုသလိုမျိုး...ကိုယ့်ဗိုက်နဲ့အာအူးလက်ထိပ် အချိန်အကြာကြီး အလွမ်းသယ်တော့လေတယ်။ အပြစ်ကတော့ ကားမောင်းတာ အရှိန်များလို့တဲ့။ ခြောက်လကျော်ပြီးမှ အိမ်ပြန်လာဖြစ်တယ်ဆိုပေမဲ့ ဇာတ်လမ်းတွေထဲမှာလိုမျိုး 'မေမေရေ သားလတ်ရေ'ဆိုပြီး သားအမိနှစ်ယောက် အလွမ်းသယ်ကြလိမ့်မယ် မထင်လေနဲ့။

'' ကလေးပါတာ နင်မသိဘူးလားဟဲ့ အယ်လ်ဗင်... ကားကို လူလိုမောင်းပါလား... နင့်အသက်ပဲ ကြီးနေပြီ ၊ ဒါတွေ လိုက်ပြောနေရဦးမှာလား...''

''အာအူး... ဆူချင်ဆူ ရိုက်ချင်ရိုက် ၊ အသက်ကိုတော့ လာမထိနဲ့...''

တစ်ခါလာလည်း ဒီအသက် ၊ နောက်တစ်ခါလာလည်း ဒီအသက်။ အသက်ဆိုတာ ကိန်းဂဏန်းသက်သက် တည်ရှိနေတာ။ နုပျိုမှုက အရွယ်သုံးပါးရွေးတာမဟုတ်ဘူး။ အသက်ကြောင့် လူတွေဟာ ရင့်ကျက်တယ် ၊ ဆိုးသွမ်းတယ်ဆိုပြီး ကွာခြားတာလည်း မဟုတ်ဘူး။

''ထိတယ်ဟာ ထိတော့ နင်က ငါ့ကိုဘာလုပ်မှာလဲ...အသက်ကြီးနေလို့ ကြီးတယ်ပြောတာ...၊ ဒီကိုလာတိုင်း သတိပေးတယ်... ကားမောင်းတာကို အရှိန်မပျင်းနဲ့လို့ ၊ တစ်ခါမှ မှတ်တယ်ဆိုတာ မရှိဘူး...၊ နင့်ဦးနှောက်ထဲမှာ ဘာတွေရှိနေလဲ...''

''အာအူးကလည်း ဦးနှောက်ထဲမှာရှိတာ  ဦးနှောက်ပေါ့..''

ဒီလောက် ရိုးရှင်းတာကို မေးခွန်းလုပ်ပြီးမေးတဲ့ အာအူးရဲ့ လက်ဖဝါးသိုင်းကွက်က ဝဲပျံလာတယ်။ ကိုယ့်မှာ ကျောပြင်ကို ဗျောတင်မခံရခင် အိမ်ထဲ ဝင်ပြေးရတယ်။

အိမ်ထဲရောက်တော့ ဂျူလီယန်အခန်းဆီ အရင်သွားမိတယ်။ တွေ့ချင်လွန်းလို့တော့ မဟုတ်ဘူး။ လိုချင်တာရှိတော့ တောင်းတတ်ပြီး ၊ လိုချင်တာရပြီးရင် ကျောခိုင်းနေတတ်တဲ့ ခွေးကျင့်ခွေးဉာဏ်ကို ကြိတ်ချင်နေတာကြာပြီဆိုတော့ အချိန်ဆွဲမနေဘဲ ဝင်ကြိတ်ချင်လို့ ။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now