33 (U+Z)

797 106 17
                                    

တိမ်းညွတ်ခြင်းကြောင့် 33

နွေကာလဆီ ဘက်ပြောင်းနေတဲ့ ရာသီဥတုမှာ နေရောင်ဟာ ကမ္ဘာမြေသို့ အချိန်စော၍ ရောက်လာခဲ့တယ်။ သက်ရှိတွေကို နိုးထကြဖို့ နေရောင်ခြည်က လိုက်နှိုးနေသလိုမျိုး။

လွင်လည်း ဒီရက်တွေထဲမှာ အိပ်ရာစောထပြီး ခိုငှက်တွေကို အစာကျွေးဖြစ်တယ်။ အသွားအလာလုပ်ကြတဲ့ လမ်းပေါ်မှာ အစာကို ဖြန့်ကြဲကျွေးရတာဆိုတော့ ကိုယ့်ရဲ့အလှူပြုခြင်းကြောင့် သူများတွေ အနှောက်အယှက်မဖြစ်ရအောင် သွားလာလှုပ်ရှားမှုတွေ သိပ်မရှိခင်မှာ အစာကျွေးတာကို အပြီးသတ်နိုင်ဖို့ အချိန်စောရတယ်။

ခိုငှက်တွေကို အစာကျွေးပြီးလှည့်ပြန်မှ လွင့်ရဲ့အနောက်မှာရပ်နေတဲ့ မိုးသောက်သော်နဲ့ တိုက်မိမလို ဖြစ်ရတယ်။ အခုတလော နေ့တိုင်းလိုလို မိုးသောက်သော်ကို မြင်ရတယ်။ ဟိုတယ်က Gymမှာ မန်ဘာဝင်ထားတယ်ဆိုပြီး Gymကိုလည်း လာသေးတယ်။ မနေ့ကဆိုရင် နုရွှေစင်ကို နှုတ်ဆက်ရင်း မုန့်တွေဝယ်လာတယ်။ နုရွှေစင်က မိုးသောက်သော်ရဲ့ ပရိသတ်အကြီးစားဖြစ်နေတော့ ခဏခဏမြင်ဖူးလို့ မှတ်မိတာကို အကြောင်းပြုပြီး လာရောနေတာ။ လွင့်ဆီကို တိုက်ရိုက်မဟုတ်ဘဲ လွင့်ရဲ့အနားတစ်ဝိုက်မှာ ခဏခဏပေါ်လာတယ်။ ဆလိုင်းအယ်လ်ဗင်နဲ့ မတူတဲ့ နည်းလမ်းပေါ့ ။ ဆလိုင်းအယ်လ်ဗင်ကတော့ လွင့်ကို ဗဟိုပြုပြီး လွင့်အနားမှာ ဝဲလည်ခဲ့တာ။

''နာသွားလို့လား...''

လွင် ဆံပင်သပ်လိုက်တာကိုကြည့်ပြီး မိုးသောက်သော်က နာသွားတယ်လို့ ထင်ပုံပါပဲ။ နီးကပ်လာတော့မယ့် ခန္ဓာကိုယ်ကို ပြန်တွန်းပစ်လိုက်ရတယ်။ မိုးသောက်သော်နဲ့ လွင်ပြင်သစ်က သက်ဆိုင်မှုမရှိတော့ကြောင်း ပြောပေါင်းလည်း များပြီ။

''ဟန်နီ့အတွက် မောင် တို့ဖူးနွေးဝယ်လာတယ်...''

''အခေါ်အဝေါ်တွေပြင်စမ်းပါ... ငါ တကယ် စိတ်ကုန်လို့..''

အဲ့ဒီ'မောင်'ဆိုတဲ့ အခေါ်အဝေါ်ကို စခဲ့တာလည်း လွင်ပြင်သစ်ရဲ့ပါးစပ်ပဲဆိုပေမဲ့ ၊ ဟန်နီလို့ အခေါ်ခံရတဲ့အခါ ရင်ခုန်ခဲ့ရတာလည်း လွင်ပြင်သစ်ပဲဆိုပေမဲ့ အခုအချိန်မှာတော့ မောင်ဆိုတဲ့အသံ ကြားလိုက်ရတိုင်း စိတ်ရှုပ်မိတယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now