29 (U+Z)

822 112 7
                                    

တိမ်းညွတ်ခြင်းကြောင့်29

မနက်ခင်း အိပ်ရာနိုးနိုးချင်းမှာပဲ ကြောင်တွေကို အရင်သွားကြည့်ရတယ်။ ဒီနေ့က ကြောင်တွေနဲ့အတူနေထိုင်ခြင်း နောက်ဆုံးရက်ဆိုတော့ စိတ်ထဲမှာ ကောင်းပဲကောင်းသလိုလို ၊ မကောင်းပဲမကောင်းသလိုလိုနဲ့ ။ ဒီကြောင်တွေနဲ့ ဆယ်ရက်တိတိ တစ်အိမ်တည်းမှာ အတူနေထိုင်နိုင်ခဲ့တာ တကယ်ကြီးပါလားလို့လည်း ကိုယ့်အဖြစ်ကို ယုံတစ်ဝက် မယုံတစ်ဝက်။

'' ပျော်နေလား ဟေ့ကောင်တို့.. ''

အစာခွက်ထဲကို ကြောင်စာလေးတွေထည့်ပေးရင်း နှုတ်ဆက်လိုက်ပေမဲ့ လွင့်ရဲ့ကြောင်မလေးက မှုန်ကုတ်ပြီး ကိုယ့်ကိုကြည့်တယ်။ အမြဲတမ်း အဲ့ဒီလိုအကြည့်နဲ့ ကြည့်တယ်။ လွင်ရောက်လာရင် ချစ်ဖို့ကောင်းအောင် လုပ်ပြနေပြီး လွင်ပြန်သွားတဲ့အခါ ချစ်ဖို့မကောင်းတော့ဘူး။

'' ကြောင်ဖြစ်နေလို့ပဲ လူဆိုရင် ထထိုးမလား မသိဘူး..''

အစာထည့်ပေးပြီးတာနဲ့ ခပ်ဝေးဝေးအထိ နောင်ဆုတ်လိုက်ရတယ်။ ကိုယ်သာ သူတို့အနားမှာရှိရင် အဲ့ဒီကန်ဒီက အစာမစားတော့ဘဲ ကိုယ့်ကိုချည်း မျက်လုံးစွေလောက်အောင် စိုက်ကြည့်နေတတ်လို့ အဝေးတစ်နေရာမှာထိုင်ရင်း ကြောင်တွေကို ထိန်းပေးရလေတယ်။

အခုနေ... ရုတ်တရက်ကြီး အိမ်ကို ဂျူလီယန်ရောက်လာခဲ့မယ်ဆိုရင် ဒီအခြေအနေကိုကြည့်ပြီး ဟားတိုက်ရယ်မှာ သေချာတယ်။ အရင်တုန်းက အယ်လ်ဗင်က အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဘယ်လိုမှ မနေနိုင်တဲ့သူ ။ ချစ်စရာကောင်းတယ်လို့လည်း နည်းနည်းမှ မခံစားရဘဲ အနားလာကပ်တဲ့အခါ အဝေးကို ထွက်ပြေးချင်လောက်အောင် မသိုးမသန့်ဖြစ်လာမိတယ်။ ကိုယ့်ရဲ့ အဲ့ဒီအကျင့်တွေကြောင့်ပဲ တိရစ္ဆာန်ချစ်တဲ့ ဂျူလီယန်က ပုသိမ်အိမ်မှာဆိုရင် တိရစ္ဆာန်မွေးခွင့်မရခဲ့ဘူး ။ ကိုယ် ကျောင်းတက်ဖို့ရန်ကုန်ပြောင်းတော့ အပျော်ဆုံးက ဂျူလီယန်။ ကိုယ်တို့အိမ်ရဲ့ တစ်ဦးတည်းသော ဆည်းလည်းက သူ့ရဲ့ကိုလတ်ကို အတော်ချစ်မယ် ထင်တယ်။ ရန်ကုန်သွားခါနီးအမှာစကားပါးတာက ဘယ်တော့မှ ပုသိမ်ကို ပြန်မလာနဲ့တဲ့။ ကိုယ် ပုသိမ်မှာမနေတော့မှ အပါနဲ့အာအူးရဲ့အိမ်လည်း တိရစ္ဆာန်ရုံအသေးစား ဖြစ်ရော။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now