3 (U+Z)

1.3K 182 33
                                    

"မင်း ဘယ်သူလဲ ''

လွင့်အသံက အက်ရှရှ။ တမ်းတမ်းတတဖြစ်ရတဲ့လက်တွေကို လွင်ပဲ တွန်းထုတ်ပစ်လိုက်တာ။ မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အခိုက်မှာ မိုးသောက်ရင်ဘတ်ကို ဆောင့်တွန်းလိုက်ပေမဲ့ တကယ်ပြိုလဲကျတော့ လွင့်မျက်ရည်တွေ။ လွင်က တွယ်ကပ်နေမယ့်လူစားမျိုး မဟုတ်ဘူး။ မိုးသောက်ရဲ့အောင်မြင်မှု အကျိုးအမြတ်တွေကိုလည်း မမက်မောဘူး။ မိုးသောက်ဖြစ်စေချင်တဲ့ အနေအထားတစ်ခုကို ပွင့်ပွင့်လင်းလင်း ပြောသင့်တာပေါ့။

"ဟန်နီရယ်..''

ဒါပဲလေ ။ မိုးသောက်ပြောနိုင်တာ ဟန်နီရယ်ဆိုတဲ့ ခေါ်သံတိုးတိုး ။ မင်းနားမလည်တဲ့အသိုင်းအဝန်းအကြောင်းကို မင်းသိစရာမလိုဘူးလို့သာ အော်ဟစ်လိုက်ပါတော့ ။ တကယ်ပဲ လွင်နားမလည်တဲ့ ဘဝတွေ။ အမှန်ကိုလက်ခံပြီး လွင် ငြိမ်ချင် ငြိမ်နေမယ်။ အောင်မြင်လာလို့ လွင့်အပေါ်လေးစားမှုမရှိဘူးဆိုပြီး ပေါက်ကွဲချင် ပေါက်ကွဲမယ်။ လွင်တို့ ရန်ဖြစ်ကြမယ်။ ပြီးတော့ ကြင်နာတာတွေကို နာကျင်တာနဲ့ ချေပစ်လိုက်တာပေါ့ ။ မင်းလည်း လွတ်လပ်ပြီလေ မိုးသောက်သော်ရယ် ။

"မင်းကို ငါမသိဘူး ။ မင်းလည်း ငါ့ကိုမသိဘူးမလား။ မသိဘူးဆိုတဲ့မျက်လုံးတွေနဲ့ မင်း ငါ့ကိုကြည့်သွားတာ။''

"ဟန်နီကလည်းကွာ..''

ရုန်းဖယ်နေတဲ့ လွင့်လက်တွေကိုချုပ်ကိုင်ပြီး ပွေ့ဖက်တယ်။ လွင့်ရဲ့ရုန်းကန်နိုင်စွမ်းတို့ အားဖျော့ငြိမ်သက်တဲ့အထိ ခပ်တင်းတင်းတိုးဖက်ထားတယ်။

လွင်က သိပ်ပြီး သနားစရာမကောင်းဘူးလား။ ငါးလကြာအောင် မျှော်လင့်နေတဲ့ရင်ခွင်ဆိုပေမဲ့ လွင့်ကိုလွမ်းလွန်းလို့ ရောက်လာခဲ့တာ မဟုတ်ဘူး။ စိတ်သန်ရာကို အားပြင်းနှင်တတ်တဲ့ လွင့်အကျင့်ကြောင့် ပြဿနာရှာတော့မယ်ဆိုတာသိလို့ ရောက်လာခဲ့တာ။

"မောင်တောင်းပန်ပါတယ်.. ။ မောင့်စကားကိုနားထောင်ပါဦး ''

ချစ်သက်တမ်းတစ်လျှောက်မှာ မောင့်စကားတွေကိုပဲ လွင်နားထောင်ခဲ့ပါတယ် ။ မောင်ကရော လွင့်စကားတွေကိုနားထောင်ဖို့ စဥ်းစားခဲ့ဖူးရဲ့လား။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now